258

1.9K 401 8
                                    

Unicode

နောက်ပိုင်းနေ့ရက်များကား တကယ့်ကို ပျော်ရွှင်ကျေနပ်ဖွယ်အတိ။

ရှဲ့ချင်းလန်သည် အမြဲတမ်း လှည့်ကွက်များစွာ သုံးတတ်လွန်း၏။ ယခုလည်း လှုပ်ရှားရန် အားမရှိပါသော်ငြား ဆရာခြူးကို ဒူးချောင်ပြီး ခါးနာလာအောင် စေစားနိုင်ဆဲပင်။ တခြားရှုထောင့်မှကြည့်လျှင်  Gong ဖြစ်ခဲ့သော ဆရာခြူးတစ်ယောက် ရှဲ့ချင်းလန်၏ လှည့်ကွက်များအောက် မျောပါနေသည်ဟု ဆိုရပေမည်။

ရှဲ့ချင်းလန်ကို ကုသပေးရန်အတွက် ခြူးမုယွင်သည် ရေကန်နံဘေးတွင် ရွက်ဖျင်တဲဆောက်ပြီး ရှဲ့ချင်းလန်ထံမှ ပုံရိပ်ယောင်ပညာရပ်နှင့် ပတ်သက်သည့် ဗဟုသုတများစွာ မေးမြန်းခဲ့သည်။ ထို့နောက် သူ၏ အစီအရင်ပညာနှင့် ပေါင်းစပ်ပြီး ဤပတ်ဝန်းကျင်တစ်ဝိုက်ကို ကမ္ဘာငယ်လေးသဖွယ် အချိန်တစ်ခုထိ ကာကွယ်ထားနိုင်ခဲ့သည်။ ဤသို့ဖြင့် သူတို့နှစ်ဦး၏ ဘဝက ချိုမြိန်နွေးထွေးနေတော့သည်။

ရှဲ့ချင်းလန်မှာ မိနစ်တိုင်း၊ စက္ကန့်တိုင်း ထိုအမျိုးသားကို ပိုင်ဆိုင်ထားချင်မိ၏။ သို့သော် နေ့သေမလား ညသေမလားမသိ အနာဂတ်မရှိဘဲ အသက်ရှင်နေရသော၊ ကုသ၍မရနိုင်သည့် ရောဂါဝေဒနာကို ခံစားနေရသော လူတစ်ယောက်အတွက် ထိုအတွေးက တကယ့်ကို ဝမ်းနည်းစရာကောင်းလှသည်။

ခြူးမုယွင်သည် တစ်ဖက်လူအား ဖူးဖူးမှုတ်အလိုလိုက်ထားရသည်ကို အလွန်နှစ်သက်သည်။ သို့သော် ယခုတော့ သူ့နှလုံးသားကို နားလည်သွားပြီဖြစ်၍ ရှဲ့ချင်းလန် အလိုရှိသမျှ အရာအားလုံး ပေးအပ်ချင်သည်။ လစ်ဟာခဲ့သော အချိန်ကာလများအတွက် တစ်ခုချင်းစီ ပြန်လည်ဖြည့်ဆည်းပေးချင်ပြီး ထိုအတွက် ဟန်ဆောင်မှုကင်း၍ ယုံကြည်ချက်အပြည့်ရှိသည့် အပြုံးလေးတစ်ခု ပြန်ရယူလိုမိသည်။ သူ၏ နှလုံးသားထဲ နွေးထွေးစွာ ပြုံးလိုက်သည်။

ဤအတိုင်း ခုနစ်ရက်၊ ရှစ်ရက်အထိ ဆက်လက်ဖြစ်ပျက်နေသည်။ ခြူးမုယွင်၏ အကူအညီဖြင့် ရှဲ့ချင်းလန်လည်း လျင်မြန်စွာ နလန်ပြန်ထူလာပြီး အအေးအဆိပ်ကို အရှင်းကုသနိုင်ခဲ့သည်။ ဆုံးရှုံးသွားသည့် ချီစွမ်းအားများကို လျင်လျင်မြန်မြန် ပြန်မရသေးပါသော်ငြား ဖရိုဖရဲဖြစ်နေသည့် ချီစွမ်းအားလွင်ပြင်က တည်ငြိမ်သွားပြီဖြစ်သလို ချီဖောက်ပြန်မှုကြောင့် ရှုပ်ထွေးသွားသော ချီသွေးကြောများလည်း ပုံမှန်ပြန်ဖြစ်လာချေပြီ။ အပြည့်အဝ နေပြန်ကောင်းရန် လက်တစ်လှမ်းသာ လိုတော့သည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now