271

1.8K 360 67
                                    

Unicode

ခြူးမုယွင် : အိပ်ရာပေါ်က မထနိုင်အောင် အလုပ်ခံရတာက ငါပါဟ.. အဲတာကို မင်းက ဘာကိစ္စနဲ့ စိတ်မကြည်ရတာတုန်း..?

သို့သော် ဆရာခြူးက ထုတ်မပြောခဲ့ပေ။ အိပ်ရာပေါ်မှ ထထိုင်လိုက်ပြီး ဖြစ်ကြောင်းကုန်စင် ပြန်စဉ်းစားကြည့်လိုက်သည်။

ရှန်ရွှိန်ယန်းက သူ့ကို မျက်ဝန်းနက်နက်များဖြင့် မလှုပ်မယှက် ထိုင်ကြည့်နေသည်။ သို့သော် သူ၏အကြည့်က စူးရှလွန်းပေ၏။

ခြူးမုယွင်သည် ကိုယ်လုံးတီး အိပ်ပျော်နေခဲ့သောကြောင့် ထထိုင်လိုက်သောအခါ စောင်က လျောကျသွားပြီး ခန္ဓာကိုယ်အစိတ်အပိုင်းများ ပေါ်လာတော့သည်။ အနက်ရောင်စောင်နှင့် လိုက်ဖက်ညီစွာ အသားအရေက ဝင်းလက်နေပြီး အလွန် ကြည့်ရကောင်းနေတော့သည်။

ရှန်ရွှိန်ယန်း၏ လည်စေ့က မသိမသာ လှုပ်ရှားသွား၏။ သူ ညက တစ်ကြိမ်လေးပင် မပြီးလိုက်ရ။ ခြူးမုယွင် အိပ်ပျော်သွားသည်နှင့် ငကြောက်ကောင် ယဲ့ကျန့်ဟန်က တစ်ခါတည်း ပြန်ဆွဲထုတ်ခဲ့သည်။ သို့ဖြစ်ရာ ယခုအချိန်ထိ အောင့်ထားရ၍ တကယ့်ကို နေရခက်လာသည်။

အမ်း.. အခုတော့ ပိုပြီးတောင် စိတ်မကြည်တော့ဘူး..!

ရှန်ရွှိန်ယန်းက စူးစူးရဲရဲ စိုက်ကြည့်နေပါသော်ငြား ခြူးမုယွင်သည် ဝတ်လစ်စားလစ်ဖြစ်နေသည်ကို ရှက်ရွံဟန်မပြဘဲ အိပ်ရာပေါ်မှ သည်အတိုင်း ဆင်းလာခဲ့သည်။ သူ၏ကိုယ်ဟန်က ကြော့ရှင်းနေပြီး ပို၍ပင် ဆွဲဆောင်မှုရှိနေတော့သည်။

ရှန်ရွှိန်ယန်းသည် စိတ်နှလုံးသန့်စင်မန္တန်ကို အသံတိတ်ရွတ်ဆိုတာ ဆွဲဆောင်မှုကို တောင့်ခံနေရသည်။

သို့သော် ခြူးမုယွင်က ခါးကိုင်းကာ သူ့ကို ဖက်နမ်းလိုက်ပြီး ပရောပရည်လေသံဖြင့်.. : “ဆူပုတ်ပုတ်ဖြစ်နေတာကို ကြည့်ပါဦး.. မနေ့ညက စိတ်မကျေနပ်လိုက်ဘူးလား..?” ထိုသို့ပြောပြီးနောက် အင်္ကျီအလွှာပါးကိုဖြတ်၍ ရှန်ရွှိန်ယန်း၏ ထောင်မတ်နေသော အကောင်ကြီးကို ဆုပ်ကိုင်လိုက်သည်။

ရှန်ရွှိန်ယန်းက သူ့ကို ကြောက်စရာကောင်းအောင် စိုက်ကြည့်လာပြီး.. : “လွှတ်..!”

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now