232

2.1K 469 6
                                    

Unicode

ရန်ချန်းသည် အအေးကြောက်သော်လည်း ကောင်းကင်တစ်ခွင် မျောလွင့်နေသော အေးစက်စက် ဇီးပန်းပွင့်များကြောင့် ဇီးပန်းရောင်ဝါတောင်ပေါ်တွင် နေထိုင်လိုခြင်းဖြစ်၏။

ထိုကိစ္စနှင့်ပက်သက်၍ ခြူးမုယွင် တွေးကြည့်သေးသည်။ သို့သော် အကြောင်းအရင်းမယ်မယ်ရရ ရှိပုံမပေါ်ချေ။ သူ ဝတ္ထုရေးခဲ့စဉ်က ရန်ချန်း၏ ဇာတ်ကောင်စရိုက်ကို ထိုသို့ရေးသားခဲ့သဖြင့် ရေးသားခဲ့သည့်အတိုင်း ဖြစ်တည်လာခြင်းပင်။ ရန်ချန်းဟာ အအေးကြောက်သော်လည်း ဇီးပန်းပွင့်များကိုတော့ အလွန်နှစ်သက်သည်။ ထို့ကြောင့် ဤတောင်ပေါ်တွင် နေထိုင်ခဲ့လေသည်။

ဤဇာတ်ကွက်က တကယ့်ကို သာမာန်ဆန်လွန်းပါသည်။ စာရေးဆရာအများစုသည် စိတ်ကူးရလာသည်နှင့် ထိုစိတ်ကူးအတိုင်း ဇာတ်ကောင်တစ်ခုကို အကြမ်းဖျင်း ပုံဖော်တတ်ကြသည် မဟုတ်ပါလား။

သို့သော် လက်တလော ဆက်တိုက်မက်နေသည့် အိပ်မက်များကြောင့် ခြူးမုယွင်မှာ သတိကြီးကြီးထားနေမိ၏။

<<နတ်ဆိုးတို့၏တိုင်းပြည်>> ဝတ္ထုကို သူ ဖန်တီးခဲ့ပါသော်လည်း တကယ့်နတ်ဆိုးတိုင်းပြည်အစစ်ကိုတော့ သူ ဖန်တီးထားခြင်း မဟုတ်ပေ။ သို့ဖြစ်ရာ အခြေအနေအမှန်ကို မည်သူသိနိုင်မည်နည်း။

ခြူးမုယွင်က ရန်ချန်းအား သွားရှာရန် အလျင်မလိုခဲ့ပေ။ မီးလျှံအဆိပ်ကို အသုံးချလိုက်ရုံဖြင့် သူက ‘ခြူးမုယွင်’ (အဖြူထည်ပန်းလေး) ဖြစ်ကြောင်း ဖော်ပြနိုင်သော်ငြား ဤလောကကြီးသည် အချိန်နှင့်တပြေးညီ ပြောင်းလဲနေပြီး သူ,မရှိသည့် နှစ်များအတွင်း မည်သည့်အရာများ ဖြစ်ပျက်သွားမှန်း မသိရသေးပေ။ ယဲ့ကျန့်ဟန်ကို သူ ယုံသည်။ သို့သော် ယဲ့ကျန့်ဟန်ကိုယ်တိုင်ပင် ရှင်းရှင်းလင်းလင်း မသိလိုက်ရသော ဖြစ်ရပ်တချို့ ရှိနိုင်ပါသေးသည်။

ထိုကိစ္စများကို သူကိုယ်တိုင် ရှာဖွေဆန်းစစ်ရလိမ့်မည်။ တိတိကျကျ လေ့လာသုံးသပ်နိုင်မည့် ရှုထောင့်တစ်ခု ရှာဖွေရလိမ့်မည်။

ခြူးမုယွင်သည် ယဲ့ကျန့်ဟန်၏ အကြံဉာဏ်ဖြင့် ဇီးပန်းရောင်ဝါတောင်ပေါ်သို့ အလွယ်တကူ ဝင်ရောက်နိုင်ခဲ့၏။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now