265

1.5K 363 6
                                    

Unicode

ခြူးမုယွင်က စိုးရိမ်တကြီး မေးသည်။ : “ဘယ်မှာတွေ့ခဲ့တာလဲ..?”

Zero လေးက ဧရာမမျက်လုံးကြီးကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး အလေးအနက် စဉ်းစားကြည့်လိုက်သည်။

ခြူးမုယွင်၏စိတ်ထဲ နိမိတ်မကောင်းသလို ခံစားလိုက်ရ၏။

သေချာတာပေါ့၊ Zero လေးက အတော်ကြာမှ ပြန်ဖြေသည်။ : “မေ့သွားပြီ..”

ခြူးမုယွင် : “……….”

သားရဲလေးက မြေပြင်ပေါ် ဝပ်ချပြီး အရှိန်ယူကာ ခုန်လိုက်သည်။ ခြံတံခါးနံရံကို အောင်အောင်မြင်မြင် ဖြိုချပစ်ပြီးနောက် စိတ်လှုပ်ရှားနေဟန်ဖြင့်.. : “ဒီလောက်ကြာနေပြီ သူ ကျွန်တော့်ကို လိုက်မဖမ်းဘူးဆိုတော့ ထွက်သွားပြီထင်တာပဲ..!”

ပြီးနောက် သူငယ်ချင်းများနှင့် ဆော့ကစားရန် ပြေးထွက်သွားတော့သည်။ ခြူးမုယွင်ပင် မတားနိုင်လိုက်ချေ။

အမှန်အတိုင်းဆိုရလျှင် ကလေးများကို ပြုစုပျိုးထောင်ရသည်မှာ သိပ်မလွယ်ကူပေ။ ကလေးက ဉာဏ်ကောင်းလွန်းလျှင် ခန္ဓာကိုယ်ပင်ပန်းရသည်။ ကလေးက ဉာဏ်ထိုင်းလွန်းလျှင် စိတ်ပင်ပန်းရသည်။

ခြူးမုယွင်လည်း ပြေးထွက်သွားသည့် Zero လေး၏ နောက်ကျောပြင်ကြီးကိုကြည့်ပြီး လှမ်းအော်ရုံသာ တတ်နိုင်ခဲ့၏။

“နောက်တစ်ခေါက် ထပ်တွေ့ရင် ငါ့ကို စောစောလာပြော..”

မြူးထူးတက်ကြွစွာ ခုန်ပေါက်ပြေးထွက်သွားသော Zero လေးကတော့ ထိုစကားကို ကြားမကြား ပြောရခက်လှပေသည်။

ခြူးမုယွင်က သက်ပြင်းချကာ ‘ကမ္ဘာအသစ်တစ်ခု’ကို ဆက်လက်တည်ဆောက်နေခဲ့သည်။

ထင်မှတ်မထားဘဲ ရက်အနည်းငယ်ခန့်ကြာပြီးနောက် Zero လေး ပြန်ရောက်လာသည်။

သူ့ဦးခေါင်းက ခြူးမုယွင်၏ ခန္ဓာကိုယ်ထက် သုံးဆလောက်ကြီးမားပါသော်ငြား ယခုတော့ သနားချင့်စဖွယ် ကလေးလေးနှယ် ခြူးမုယွင်ကို တိုးဝှေ့နေလေသည်။ ထိုသို့ ချွဲနွဲ့လာသဖြင့် ခြူးမုယွင် အရည်ပျော်သွားရသည်။

“လိမ္မာတယ်..” ခြူးမုယွင်က သူ့ကို ပွတ်သပ်ပေးရင်း ညင်သာစွာ မေးလိုက်သည်။ “ဘာဖြစ်လာတာလဲ..?”

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now