245

1.9K 431 16
                                    

Unicode

အပြင်လူဟူ၍ လုံးဝမရှိသောကြောင့် ဤခံစားချက်များသည် ပြင်ပသက်ရောက်မှုကြောင့် ဖြစ်တည်လာခြင်းမဟုတ်။ စိတ်ပိုင်းဆိုင်ရာ မြတ်နိုးတွယ်တာခြင်းများ အတိုင်းအတာတစ်ခုအထိ ရောက်လာချိန်တွင် ခန္ဓာကိုယ်က လိုက်လျောညီထွေစွာ တုံ့ပြန်လာခြင်း ဖြစ်ပေသည်။

လူငယ်လေး၏ အတွေးများသည် နိစ္စဓူဝ ရင်းနှီးထိတွေ့မှုများကြား တဖြည်းဖြည်း အရောင်ပြောင်းလာခဲ့သည်။ ဟိုလိုလိုသည်လိုလို အခြေအနေမျိုးရောက်တိုင်း တစ်ဦးပေါ်တစ်ဦး တွယ်တာခြင်း၊ ဖိအားများနှင့်အတူ ရင်ခုန်စိတ်လှုပ်ရှားရသော စိတ်ခံစားချက်များဖြင့်…

ချိုမြိန်စွာသော နှိပ်စက်မှုလေးတစ်ခုပင်။ ထိုခံစားချက်ကို တတ်စွမ်းသမျှ ချုပ်တည်းလာခဲ့ရင်း တစ်နေ့သော ညသန်းခေါင်ယံ၊ အိပ်မက်မှ နိုးထလာချိန်တွင် လူငယ်လေးသည် အိပ်မက်ထဲမှ အလှတရားကြောင့် ဖမ်းစားခံလိုက်ရပြီး ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့လာတော့သည်။

ထိုမြင်ကွင်းကို အပြင်လူအနေဖြင့် စောင့်ကြည့်နေရင်း ခြူးမုယွင်မှာ အစမှအဆုံးထိ ဘာတွေဖြစ်ပျက်နေမှန်း ရှင်းရှင်းလင်းလင်း ခန့်မှန်းနိုင်လာခဲ့သည်။

မော့ကျိုးရှောင်အငယ်လေးသည် သူ ပထမဆုံးမွေးစားခဲ့သည့် ကလေး ဖြစ်နိုင်၏။ ထိုကလေးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အရာအားလုံး ပေးအပ်ခဲ့ပြီး လုပ်ချင်တာမှန်သမျှ ခွင့်ပြုပေးထားခဲ့သည်။ ကလေးငယ်ကို အကောင်းဆုံး ပြုစုပျိုးထောင်ခဲ့လေသည်။

မော့ကျိုးရှောင်သည် တည်ကြည်ခန့်ညားစွာ ကြီးပြင်းလာပြီး သူမတူအောင် စကားပြောကောင်းသည်။ အတွေ့အကြုံ ဗဟုသုတများသည်။ အရွယ်ရောက်လာချိန်ဝယ် သူ၏ ဖြူစင်သန့်ရှင်းသော အမူအကျင့်များက တစ်လောကလုံးကို သူ၏ ရှေ့မှောက်တွင် ဦးညွတ်ခစားစေသည်အထိ စေစားနိုင်စွမ်းသည်။

ခြူးမုယွင် သူ့ကို သေချာပေါက် သဘောကျလိမ့်မည်။ ချစ်ပင်ချစ်မိခဲ့လိမ့်မည်။

သို့သော် နောက်ပိုင်းဖြစ်ရပ်များက ဘေးလူတစ်ယောက်လို စောင့်ကြည့်နေသော ခြူးမုယွင်အား မသိမသာ မျက်မှောင်ကြုတ်သွားစေခဲ့၏။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Wo Geschichten leben. Entdecke jetzt