251

1.8K 411 40
                                    

Unicode

ကျွင်းမော့၏ လည်စေ့က အတန်ငယ် လှုပ်ရှားသွားသည်။

ခြူးမုယွင်သည် အိပ်ရာထဲတွင်သာ အိပ်ပျော်နေခဲ့သဖြင့် အပြာဖျော့ဖျော့ ဝတ်ရုံရှည်တစ်ထည်ကိုသာ ဝတ်ဆင်ထား၏။ အင်္ကျီအသားက နူးညံ့အိစက်နေသဖြင့် အခန်း၏ အလင်းရောင်အောက်တွင် ဖောက်ထွင်းမြင်နိုင်သယောင် ထင်မှတ်ရသည်။

အင်္ကျီလည်ပင်းက အတန်ငယ် လျောကျနေသည်ဖြစ်ရာ သွယ်လျဖွေးဥသော လည်တိုင်နှင့်အတူ ညှပ်ရိုးများက ဆွဲဆောင်မှုရှိနေသည်။ ပို၍ဆွဲဆောင်နိုင်လွန်းသည်ကား ရင်ဘတ်နေရာပင်။ ပါးလျလွန်းသော အင်္ကျီအသားကြောင့် အနီရောင်အစက်လေးနှစ်စက်ကို ခပ်ရေးရေးလေး မြင်နေရလေသည်။

သူ၏ ခန္ဓာကိုယ်က အချိန်အကြာကြီး အိပ်စက်ခဲ့ရသဖြင့် အားနည်းကာ ဖြူဖျော့နေ၏။ သို့သော် ထိုပုံစံလေးက ပို၍ ညှို့ဓာတ်ပြင်းနေသည်။ လက်တစ်ဖျစ်စာခန့် ခါးသွယ်သွယ်လေးနှင့် အင်္ကျီအပြင်ထွက်နေသော ပေါင်တံရှည်ရှည်က ဖြူဥဝင်းလက်နေသည်။ ထိုပုံစံမျိုးဖြင့် သူ့အပေါ် ခွထိုင်လာသောအခါ ကျွင်းမော့တစ်ယောက် ထိုလူသားကို အိပ်ရာထဲ ပစ်ချပြီး ပေါင်နှစ်ဖက်ကို ဆွဲဖြဲကာ နှစ်လများစွာ မျှော်လင့်တမ်းတခဲ့ရသော စိတ်ဆန္ဒများကို ဖွင့်ထုတ်ပစ်ချင်တော့သည်။

သို့သော်

ကျွင်းမော့ မျက်လုံးမှိတ်လိုက်သည်။

ခြူးမုယွင်က အနားကပ်ကာ ကလူ၏သို့မြူ၏သို့ ပြောလာသည်။ : “ငါ မလုပ်ဖြစ်တာကြာပြီ.. အဲ့တာကြောင့် မင်း ညင်သာရမယ်နော်..”

ကျွင်းမော့ခမျာ မျက်လုံးမှိတ်ထားသော်ငြား သူ့အရှေ့တွင် မီးရှူးမီးပန်းများ ပစ်ဖောက်လိုက်သလို ခံစားလိုက်ရသည်။ ဆွဲညှို့နိုင်လွန်းသော မျက်စိရှေ့မြင်ကွင်းက သူ၏ ဆင်ခြင်တုံတရားများကို ပြိုလဲပျက်စီးသွားစေသည်။

သူလည်း နာကျင်ရသည်အထိ မာလာခဲ့ပြီ။ ခြူးမုယွင်ကလည်း ထိုနေရာကို တမင်တကာ ပွတ်သပ်နေသည်။ ကျွင်းမော့မှာ ဘယ်လိုလေသံမျိုးဖြင့် စကားပြောလိုက်မှန်း သူ့ကိုယ်သူပင် မသိတော့ချေ။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now