270

1.7K 356 20
                                    

Unicode

ခြူးမုယွင်သည် ‘အသက်တံခါး’ကို အပြည့်အဝ ဖွင့်လိုက်ပြီး နတ်ဆိုးတိုင်းပြည်ကမ္ဘာနှင့် ကမ္ဘာအဟောင်းကို တိုက်ရိုက် ဆက်သွယ်လိုက်သဖြင့် ကမ္ဘာနှစ်ခုလုံး မြေကြီးလက်ခတ်မလွဲ တုန်ခါသွားရသည်။ ‘အသက်တံခါး’သည် ကမ္ဘာ၏မျှခြေကို ဖျက်ဆီးပစ်နိုင်သောကြောင့် ကမ္ဘာနှစ်ခုကြားတွင် လမ်းကြောင်းသဖွယ် အသုံးပြုထားသော်ငြား ထိခိုက်ပျက်စီးသွားခြင်း မရှိပေ။

သို့နှင့် သိပ်မကြာခင် အရှိန်သိပ်မပြင်းထန်သော ငလျင်လှိုင်းကို မည်သူမျှ အဖက်မလုပ်တော့။

နတ်ဆိုးကမ္ဘာတွင် အနိုင်ကျင့်ခံနေရသော လူသားကျင့်ကြံသူများသည် တခြားကမ္ဘာတစ်ခုကို မြင်လိုက်ရသောအခါ စူးစမ်းချင်ကြသော်ငြား ကမ္ဘာအဟောင်းမှ ဇိမ်ခံပျော်ပါးနေကြသော လူသားများကတော့ အနှီလေဟာပြင်အက်ကွဲကြောင်းကို မြင်လိုက်ရချိန်တွင် အံ့အားသင့်သွားကြသည်။

သူတို့၏ကမ္ဘာဘေးတွင် တစ်ခါမှမမြင်ဖူး၊ မတွေးဖူးသော ကမ္ဘာများစွာ ရှိနေသည်ဟု ဆိုရိုးရှိ၏။

သို့သော် ယခုအချိန်မှာတော့ ယုံကြည်ရန်သာ တတ်နိုင်တော့သည်။

မိစ္ဆာမျိုးနွယ်ကြားတွင် ကြိမ်ဖန်များစွာဖြစ်ပွားခဲ့သော စစ်ပွဲများက မျိုးနွယ်တိုးတက်မှုအတွက် အထောက်အကူပြုခဲ့သည်။ လူသားကျင့်ကြံသူများသည် မိစ္ဆာတစ်ကောင်ကို ဝိုင်းအုံတိုက်ခိုက်လျှင်ပင် မနိုင်ပါသော်ငြား ကမ္ဘာအဟောင်းတွင် မြေနေရာတစ်ခုကိုတော့ သူတို့၏ကိုယ်စွမ်းကိုယ်စဖြင့် အလွယ်တကူ ပိုင်ဆိုင်နိုင်ပေလိမ့်မည်။

စွမ်းအင်ကွာခြားချက်က ကြောက်မက်ဖွယ်ဘေးကပ်ဆိုးများကို မလွှဲမရှောင်သာအောင် ဖြစ်ပေါ်လာစေ၏။

ခြူးမုယွင်သည် ခုနစ်ရက်ခုနစ်ညတိုင်တိုင် အချိန်ပေး၍ ‘အသက်တံခါး’ကို ယာယီပြုပြင်ခဲ့ပြီး ရာစုနှစ် ၂ ခုစာခန့် လမ်းပွင့်နေအောင် ဖန်တီးခဲ့လေသည်။

ကမ္ဘအဟောင်းထဲသို့ ဦးစွာဝင်ရောက်သွားသော မိစ္ဆာမျိုးနွယ်များသည် ချိုမြိန်မှု၏အရသာကို အလျင်အမြန် မြည်းစမ်းလိုက်ရပြီးနောက် တခြားမိစ္ဆာများလည်း တစ်ဖွဲ့ပြီးတစ်ဖွဲ့ ထိုနယ်မြေအသစ်သို့ ခြေချလာကြပြီး ရေမြေသယံဇာတကြွယ်ဝပြီး မဖွံ့ဖြိုးသေးသည့် နယ်မြေအသစ်များကို အပိုင်သိမ်းကြတော့သည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now