263

1.7K 367 9
                                    

Unicode

တခြားလူများအတွက် ထိုမြင်ကွင်းက အထင်နှင့်အမြင် သွေဖည်နေ၏။

ခြူးမုယွင်က ရန်ချန်းကို ရုတ်တရက် တိုက်ခိုက်လိုက်သည်။ ထိုလက်ဖဝါးပြင်က အလွန်စွမ်းအားကြီးပြီး မဖော်ပြနိုင်လောက်သည့် အံ့ဩဖွယ်စွမ်းအားများ ပါဝင်နေသည်။ ကောင်းကင်ယံသို့ စွမ်းအားလှိုင်းတစ်ခု ဖြာထွက်သွားသလို အနှီစွမ်းအားသည် နှေးကွေးသော်ငြား ရှောင်တိမ်း၍မရနိုင်အောင်ပင်။

ရန်ချန်း ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားမှန်း သိသာနေသည်။ သူက သွေးအန်ပြီး အရှေ့ဘက်သို့ မထိန်းနိုင်အောင် ယိမ်းယိုင်သွားခဲ့သည်။ တစ်ဖက်တွင်တော့ ခြူးမုယွင်သည် အေးတိအေးစက်ဖြင့်၊ ဆံနွယ်တို့က နားရွက်နောက်တွင် မျောလွင့်နေပြီး ကျောက်စိမ်းသဖွယ် ဝင်းလက်နေသည့် လည်တိုင်ဖြူဖြူကို လှစ်ဟပြနေလေသည်။

ထိုတစ်ခဏ ရင်းနှီးသော်ငြား စိမ်းသက်နေပြန်သည့် စွမ်းအားတစ်ခုသည် ဆည်ကျိုးလာသည့် ရေလှိုင်းသဖွယ် အရှိန်အဟုန်ဖြင့် ဖြာထွက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို အဖြူရောင်လှိုင်းများဖြင့် ဖုံးလွှမ်းသွားစေခဲ့သည်။

ထို့နောက်တွင် ရန်ချန်း၏ရင်ဘတ်မှ အနက်ရောင်ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ စွမ်းအားလှိုင်းများက အချုပ်အနှောင်မှ လွတ်မြောက်လာသည့် သားရဲကောင်ကြီးကဲ့သို့ စီးဆင်းနေပြီး အနက်ရောင်ဝဲဂရက်အသွင် ဖြစ်တည်လာတော့သည်။

-အသက်တံခါး။

‘အသက်’ဟု ခေါ်ဝေါ်သုံးနှုန်းနေပါသော်ငြား တကယ်တမ်းတွင် ‘သေခြင်း’ဟူသော စကားလုံးနှင့် လုံးဝခွဲခြားမရပေ။

လင်းရွှမ်၊ မော့ကျိုးရှောင်၊ ရှန်ရွှိန်ယန်းနှင့် ကျွင်းမော့တို့ လေးယောက်ပူးပေါင်းလိုက်လျှင် အနှီကြောက်မက်ဖွယ်တံခါးကို ပြန်လည်ချိပ်ပိတ်ပစ်နိုင်သည်။ သို့သော် မည်သူမျှ မလှုပ်ရှားခဲ့။

အကြောင်းမူကား ‘အသက်တံခါး’ကို လွှတ်ပေးလိုက်သူက ခြူးမုယွင် ဖြစ်နေသည်။ သူ မည်သို့လုပ်လိုက်သနည်း။ သူ အဘယ်ကြောင့် ထိုသို့လုပ်နေသနည်း။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Nơi câu chuyện tồn tại. Hãy khám phá bây giờ