206

2K 462 28
                                    

Unicode

ဆိုရိုးစကားတစ်ခွန်းရှိ၏။

*ဝေးကွာခြင်းက အချစ်စိတ်ကို ပိုမိုတိုးပွားစေသည်။*

ကျွင်းမော့နှင့် ခြူးမုယွင်သည် ရက်အတော်ကြာ ခွဲခွာခဲ့ရသဖြင့် ပြန်တွေ့ချိန်ဝယ် အချစ်မီးတောက်များ ဟုန်းဟုန်းတောက်နေမည်မှာ မလွဲဧကန်ပင်။

ယဲ့ရှောင်ဟန်က တစ်ညလုံး အပြင်ဘက်တွင် မတ်တပ်ရပ်နေလေသည်။

နှစ်တစ်နှစ်၏ ၁၂ လမြောက်၊ အေးမြသော ဆောင်းရာသီအချိန်ခါ… လေထုထဲတွင် နှင်းပွင့်များ ပျံ့လွင့်လျက်၊ နှင်းရုပ်ထုများပင် ခိုက်ခိုက်တုန်အောင် ချမ်းအေးနေရော့မည်။ ထိုအချိန်မျိုးတွင် ယဲ့ရှောင်ဟန်သည် အင်္ကျီပါးပါးလေးသာ ဝတ်ဆင်ထားပြီး ရှည်သွယ်ဖြောင့်မတ်သော ကိုယ်ဟန်က ထင်ရှူးပင်ကြီးသဖွယ်။ လူငယ်လေး၏ ပခုံးထက်ဝယ် နှင်းပွင့်များ ဖုံးလွှမ်းနေတော့သည်။ အဖြူနှင့်အမည်း ဆန့်ကျင်ဘက်ဖြစ်နေသလို၊ အေးတိအေးစက်ပုံစံက ဖြူဆွတ်သော နှင်းပွင့်များအလယ် အေးစက်ယိုယွင်းနေသော သူ၏ စိတ်နှလုံးသားကို ထင်ဟပ်စေခဲ့သည်။

ကြည်လင်သော လ၏အလင်းသည် အိမ်အရှေ့တည့်တည့်သို့ ဖြာကျနေလေပြီး နှစ်လိုဖွယ်အငွေ့အသက်မျိုး ပေးစွမ်းနေ၏။ အိမ်ထဲမှာတော့ ချစ်ခြင်းဇောအဟုန်တို့ဖြင့် ပြည့်လျှံနေလေသည်။

အိမ်၏ အသံလုံအစီအရင်က တကယ့်ကို ကောင်းမွန်လွန်းပြီး သူတို့ကြားတွင် နံရံတစ်ချပ်သာ ခြားနေသော်ငြား မည်သည့်အသံမျှ ကြားနိုင်မည်မဟုတ်ပေ။

သို့သော် ယဲ့ရှောင်ဟန်၏စိတ်ထဲ ထိုအမျိုးသား၏ ညည်းညူသံများ ကြားနေရသယောင်။ ချစ်ဇောဟုန်ကြောင့် မဝံ့မရဲ ထွက်ပေါ်လာသော ရမ္မက်သံလေးသည် တကယ့်ကို သဘာဝတရား၏ တေးဂီတစစ်စစ်ပင်။

ခြူးမုယွင် အရက်မူးခဲ့သော ထိုတစ်ညသည် ယဲ့ရှောင်ဟန်အတွက်တော့ အိပ်မက်တစ်ခုသဖွယ်။ ထိုအခိုက်အတန့်လေးတွင် ချိုမြိန်ခဲ့သော်ငြား နောက်ပိုင်းမှာတော့ အိပ်မက်ဆိုးသဖွယ် ဖြစ်တည်လာတော့သည်။

ထိုညလေးကိုသာ မကြုံခဲ့ရလျှင် စိတ်ရောကိုယ်ပါ ချစ်မြတ်နိုးတတ်သော ‘အားမု’၏ ပုံစံကို သူ ဘယ်သောအခါမှ သိခွင့်ရလိမ့်မည်မဟုတ်ပေ။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now