192

2.2K 484 16
                                    

Unicode

သို့သော် ‘အားမု’ အနေဖြင့် ကျွင်းမော့ ဘာလုပ်ခဲ့မှန်း မသိသောကြောင့် စိတ်သက်သာရာရအောင် လုပ်ပေးနိုင်စွမ်းမရှိပေ။

ကျွင်းမော့မှာ မှင်သက်နေပြီး အချိန်ကာလ ကူးပြောင်းကာ သံသရာတစ်ပတ်လည်လာသလို ခံစားလိုက်ရ၏။ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်မှ ရှဲ့ချင်းလန်အဖြစ် ပြောင်းလဲသွားသလိုလို…

ထိုစဉ်က ပုံရိပ်ယောင်နန်းတော်တွင် ကိုယ့်ကိုယ်ကို လှည့်စားအယုံသွင်း၍ ချစ်စိတ်မွှန်နေခဲ့သော ရှဲ့ချင်းလန်သည်လည်း သူ့နည်းတူ ခံစားခဲ့ရလောက်သည်။ အဆုံးသတ်ကို ကြိုသိနေသဖြင့် ဟယ်ကျင်သစ်သီးကဲ့သို့ အဓိပ္ပါယ်နက်ရှိုင်းစွာသော ပစ္စည်းမျိုးကိုပင် အသုံးပြုကာ ချစ်ခြင်းအတိလွှမ်းသော လေးနှစ်တာကာလကို အကောင်းဆုံး ကြိုးစားတည်ဆောက်ခဲ့သည်။

ယခုတော့ ကျွင်းမော့ခမျာ အနှီလေးနှစ်တာကာလမှ ရှဲ့ချင်းလန်၏ ခံစားချက်များကို နားလည်ခဲ့ချေပြီ။

ကိုယ့်ကိုယ်ကိုသတ်သေရန် ရွေးချယ်သွားသော ရှဲ့ချင်းလန်၏ နောက်ဆုံးဆုံးဖြတ်ချက်ကိုပင် နားလည်လာမိသည်အထိ။

မျှော်လင့်ချက်အားလုံး ပျက်သုန်းသွားချိန်ဝယ် မည်သူကများ အသက်ဆက်ရှင်နိုင်ပါဦးမည်နည်း။

သို့သော် ကျွင်းမော့အတွက် ကြောက်စရာအကောင်းဆုံးကိစ္စကား ကိုယ့်ကိုယ်ကိုသတ်သေရန် မဖြစ်နိုင်ခြင်းပင်။ သူ မသေဆုံးနိုင်ပေ။ သူ သေဆုံးမည်မဟုတ်မှန်း တချိန်လုံး သိနေသည်။

‘ကောင်းကင်ကပ်ဘေး’ ခန္ဓာကိုယ်ကို ဖယ်ရှားနိုင်ခဲ့လျှင်ပင် သေဆုံးနိုင်မည်မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် သူ၏ တွက်ဆ၍မရနိုင်တော့သော အချိန်ကာလများမှ အနက်ရှိုင်းဆုံး မှတ်ဉာဏ်ထဲတွင် ယင်းပုံရိပ်များ ပါဝင်နေပြီးသား ဖြစ်၏။ သူ သေဆုံးရန် ရွေးချယ်ခဲ့ဖူးသည်။ သို့သော် အသက်ပြန်ရှင်လာပြီး ကျိန်စာသင့်ကပ်ဘေးခန္ဓာကိုယ်ကို သယ်ဆောင်လျက် လူမဟုတ်သရဲမဟုတ်ဘဝမျိုးဖြင့် ဆင်းရဲပင်ပန်းစွာ ရှင်သန်ခဲ့ရသည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now