230

2.4K 492 22
                                    

Unicode

“ဒါက မင်းလိုချင်တာလား..?”

***

အေးစက်လွန်းသော ထိုစကားသံထဲတွင် နွေးထွေးခြင်းဗလာနတ္ထိ။ ဘေးမှရပ်ကြည့်နေသော ခြူးမုယွင်ပင် စိမ့်ခနဲ ခံစားလိုက်ရရာ အိပ်မက်ထဲမှ ယဲ့ကျန့်ဟန်ဆိုလျှင် မည်သို့ခံစားရမည်နည်း။ စဉ်းစားကြည့်ပါတော့။

သို့သော် ယဲ့ကျန့်ဟန်က လှုပ်ရှားမှုမရပ်ခဲ့ပေ။ ရေခဲချွန်ထက်ထက်ဖြင့် နှလုံးသားထဲ ထိုးစိုက်ခံလိုက်ရသလို ခံစားနေရသည့်တိုင် ဒူပေနာပေခံလွန်းသော ထိုအမျိုးသားသည် မျက်နှာတစ်ချက်မပျက်။ ထိုအစား သူ၏ လှုပ်ရှားမှုက အတော်ကြာအောင် အစာရေစာငတ်ပြတ်နေပြီးမှ အမဲလိုက်နိုင်ခဲ့သည့် သားရဲကြီးတစ်ကောင်နှယ် ကြမ်းတမ်းရက်စက်လာခဲ့သည်။ အလျှံညီးညီး တောက်လောင်နေ‌သော မီးတောက်တစ်ခုနှယ် သူ့အောက်မှ ရေခဲတုံးကြီးကို အနွေးဓာတ်ပေးနိုင်အောင် ကြိုးစားနေတော့သည်။

သို့သော် ရေခဲတုံးများ အရည်ပျော်လျှင် ပျောက်ကွယ်သွားတတ်သည် မဟုတ်ပါလား။

ထိုအခြင်းအရာကို ယဲ့ကျန့်ဟန် သတိမပြုမိသော်လည်း ခြူးမုယွင်က ခံစားမိနေသည်။

ခံစားချက်မဲ့သည့် မျက်နှာထားအောက်မှ ကူကယ်ရာမဲ့ခြင်းနှင့် စိတ်ပျက်ဝမ်းနည်းမှုများ၊ အတက်အကျ မတည်ငြိမ်သော စိတ်ခံစားချက်များမှာ ထိန်းချုပ်ရခက်လာသည်။

အခြေအနေအရပ်ရပ်က အဆိုးဆုံးအခြေအနေသို့သာ ဦးတည်နေပြီး သူ မည်မျှရက်စက်ပြပါစေ၊ အရာမထင်တော့သလိုပင်။ အကြောင်းပြချက်မရှိ ကြမ်ဖန်များစွာ ပစ်ပယ်ခဲ့သော်ငြား အဆုံးမှာတော့ ရလဒ်က အတူတူချည်းသာ။

ဒါတွေအားလုံး ဘာအတွက်လဲ..?

အိပ်မက်ထဲမှ ခြူးမုယွင်သည် တစ်လျှောက်လုံး စိတ်တည်ငြိမ်ခဲ့သော်လည်း ထိုအခိုက်မှာတော့ ရုတ်တရက် ထရပ်လိုက်သည်။ ပြီးနောက် လက်မြှောက်ကာ ယဲ့ကျန့်ဟန်အား လွယ်လင့်တကူ ရိုက်ထုတ်ပစ်ပြီး ဝတ်လစ်စားလစ်ခန္ဓာကိုယ်ဖြင့် အပေါ်စီးမှ ငုံကြည့်နေလေသည်။ သူတို့နှစ်ဦး၏ အနေအထားက ပြောင်းပြန်ဖြစ်သွားဟန်…

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now