219

2.1K 476 26
                                    

Unicode

ရှန်ရွှိန်ယန်းတွင် သဲလွန်စမရှိပေ။ ခြူးမုယွင်၏ ဝိဉာဉ်ကို မခွဲခြားတတ်သလို ‘အသက်တံခါး’ကိုလည်း မထိန်းချုပ်နိုင်တော့သောကြောင့် ထိုမှတဆင့် လိုက်ရှာရန်လည်း မဖြစ်နိုင်တော့ပေ။

သို့သော် မော့ကျိုးရှောင် လုပ်နိုင်မှန်း သူသိသည်။ မော့ကျိုးရှောင်တွင် ခြူးမုယွင်၏ ဝိဉာဉ်ကို ခွဲခြားနိုင်သော နည်းလမ်းတစ်ခု ရှိနေ၏။ ‘ခြူးမုယွင်’ဘဝဖြင့် သေဆုံးပြီးနောက် ရေခဲဝိဉာဉ်သားရဲလေးအဖြစ် ပြန်လည်ရှင်သန်လာချိန်တွင် ထိုနည်းလမ်းက တုံ့ပြန်မှုရှိခဲ့သည်။

မော့ကျိုးရှောင်သည် ရှန်ရွှိန်ယန်းကို မှတ်ဉာဏ်ကြေးမုံထဲမှ အတိတ်၏ပုံရိပ်များ ပြခဲ့ဖူးသော်လည်း အရေးကြီးသော ဖြစ်ရပ်များကိုမူ ချန်လှပ်ထားခဲ့သည်။ ထို့ကြောင့် ရှန်ရွှိန်ယန်းသည် ထိုနည်းလမ်းကို လုံးဝမသိခဲ့ရပေ။

သို့ဖြစ်ရာ မော့ကျိုးရှောင်နှင့် အကျိုးတူပူးပေါင်းရန် လိုအပ်ခဲ့သည်။

လောလောဆယ် အားယွင် ပြန်ရောက်လာပြီး သူ၏ ပကတိမြူနှင်းနန်းတော်ထဲတွင် ရှိနေသည်ဟု သေချာသွားခြင်းမှာ မော့ကျိုးရှောင်၏ အစောပိုင်းက လုပ်ရပ်များကြောင့် ဖြစ်၏။

မော့ကျိုးရှောင်က လင်းရွှမ်အကြောင်းကို လူစိမ်းတွေရှေ့မှာ ဘာလို့ပြောခဲ့တာလဲ..? လူအများကြီးရှေ့မှာမှ ‘လင်းရွှမ် ရောက်လာရင် သူ့ကို ရက်နည်းနည်းလောက် အချိန်ဆွဲထား..’လို့ ဘာလို့ပြောခဲ့တာလဲ..?

ရိုးရှင်းပါ၏။ ထိုစကားလုံးများသည် သူ့အတွက်မဟုတ်၊ တခြားလူအတွက်သာ ဖြစ်ပေလိမ့်မည်။

သူက ခြူးမုယွင်ကို သဲလွန်စပေးနေခြင်း…

ခန်းမထဲတွင် ခြူးမုယွင် ရှိနေမှန်း မော့ကျိုးရှောင် သတိထားမိ၍သာ ‘လင်းရွှမ်ဆီကို မသွားနဲ့၊ သွားရင် အဖမ်းခံရလိမ့်မယ်’ ဟု ဟိုလိုလိုသည်လိုလိုနှင့် အသိပေးသွားခြင်းပင်။

ရှန်ရွှိန်ယန်းသည် ဆတ်ခနဲ ထရပ်လိုက်၏။ လက်ချောင်းသွယ်များကို ခပ်တင်းတင်း ဆုပ်လိုက်မိသဖြင့် လက်သည်းက လက်ဖဝါးပြင်ကို ထိုးခွဲပြီး သွေးများ စီးကျလာခဲ့သည်။ သို့တိုင် သူ သတိမပြုမိခဲ့ပေ။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now