239

1.9K 441 12
                                    

Unicode

ခြူးမုယွင်၏ ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားသည်။

မသေနိုင်ဘူး..? ဘာကို မသေနိုင်တာလဲ..?

သူ အိပ်မက်အပိုင်းအစရဲ့ လွှမ်းမိုးမှုကို ခံလိုက်ရတာပဲ။ အိပ်မက်ထဲမှာ သူမြင်ခဲ့တဲ့ ကလေးငယ်လေးကို မသေမျိုးလို့ ထင်နေမိတာကြောင့် လက်ရှိရန်ချန်းက ထိုကလေးငယ်လေး မဟုတ်ဘူးဆိုတာ လုံးလုံးလျားလျား မေ့လျော့နေခဲ့တယ်။

နတ်ဆိုးအရှင်ခုနစ်ပါးက ထာဝရ အသက်ရှင်နိုင်ပေမယ့် သေမျိုးလူသားတွေပဲ..!

ရှဲ့ချင်းလန်တောင် တစ်ကြိမ်သေခဲ့ဖူးတယ် မဟုတ်လား..? သူသာ ‘အသက်ကိုစတေးခြင်း’ အစီအရင် အသုံးမပြုခဲ့ရင် အဲ့အချိန်ထဲက ရမ္မက်သခင် သေသွားလောက်ပြီ..!

ရန်ချန်း သေလိမ့်မယ်၊ တကယ် သေရလိမ့်မယ်..!

ခြူးမုယွင်မှာ ရုတ်ချည်း အသိပြန်ကပ်သွားပြီး သူ၏စိတ်ထဲ အနည်းငယ် ထိတ်ပျာလာခဲ့သည်။

“ရန်ချန်း..” ခြူးမုယွင်က ရန်ချန်း၏ လက်ကို ဆုပ်ကိုင်ကာ လေးလေးနက်နက် ပြောလိုက်သည်။ “ဇီးပန်းပွဲတော်ကို ဖျက်သိမ်းလို့ မရဘူးလား..?”

ရန်ချန်းက စိတ်ကြည်လင်စွာ ပြုံးလိုက်ရင်း သူ့ကို ကျီစယ်လာသည်။ : “အဲ့တာဆို မင်း လက်ထပ်ခွင့်တောင်းရင် ကိုယ် သဘောမတူတော့ဘူးနော်..”

“ကိစ္စမရှိဘူး..” ခြူးမုယွင်က မတုံ့မဆိုင်း ပြန်ပြောလိုက်သည်။

ရန်ချန်း၏ မျက်ဝန်းအိမ်ထဲမှ အပြုံးရိပ်များ မှေးမှိန်လာပြီး.. : “ပြဿနာမရှာနဲ့.. လက်ထပ်ခွင့်မတောင်းရင် မင်း သေလိမ့်မယ်..”

ခြူးမုယွင်တစ်ယောက် အသံတိတ်သွားသည်။

ရန်ချန်းသည် ခြူးမုယွင်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုလူသား၏ အတွေးများကို မြင်နိုင်ခဲ့လေသည်။

“လျှောက်မတွေးနဲ့.. ကိုယ် မိုက်မိုက်မဲမဲတွေ မလုပ်ပါဘူး..”

ခြူးမုယွင်က မျက်မှောင်ကြုတ်ကာ ထပ်ပြောလိုက်သည်။ : “လက်ထပ်ခွင့်မတောင်းတော့ဘူး.. ငါတို့ အတူရှိနိုင်သရွေ့ မင်းရဲ့ဘေးနားမှာ အဖော်ပြုပေးပါ့မယ်..”

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now