202

2K 473 14
                                    

Unicode

ယဲ့သမ့်သမ့်နှင့် ပက်သက်၍ ယဲ့ကျန့်ဟန်ရော၊ ခြူးမုယွင်ပါ အသံတိတ် တိုက်ခိုက်နေကြလေ၏။ နှစ်ယောက်သား ထုတ်မပြောသော်လည်း ဉာဏ်ကောင်းလွန်းသော ထိုလူနှစ်ဦးတွင် အဘယ်သို့ ဝှက်ဖဲကိုယ်စီ မရှိဘဲနေမည်နည်း။

ယဲ့ကျန့်ဟန်သည် သူ၏စွမ်းအားများ ပြန်လည်ရရှိနိုင်ရေးအတွက် ယဲ့သမ့်သမ့်နှင့် ပေါင်းစည်းရန် လိုအပ်နေပြီး Full Version ယဲ့ကျန့်ဟန်က အလွန်ထိန်းချုပ်ရခက်ခဲသဖြင့် ခြူးမုယွင်ကလည်း သူတို့နှစ်ဦး မပေါင်းစည်းနိုင်အောင် တားဆီးနေခဲ့သည်။

ယဲ့ကျန့်ဟန်က ခြူးမုယွင်ကိုမြင်တိုင်း ထိန်းမနိုင်သိမ်းမရ ဖြစ်နေသည်ချည်း။ ထို့ကြောင့် ခြူးမုယွင်က အနှီလမ်းစဉ်ကိုလိုက်ကာ စိတ်မပါသလိုလို၊ အတင်းအကျပ် ဖိအားပေးခံနေရသလိုလို ပြုမူနေတော့သည်။ တကယ်တော့ ထိုအပြုအမူ၏ ဦးတည်ချက်အမှန်ကား ယဲ့ရှောင်ဟန် ဖြစ်၏။

ကောင်ငယ်လေးသည် ရိုးသားဖြူစင်ပြီး သူ့အပေါ် အတော်လေး ယုံကြည်နေသည်။ ထို့ကြောင့် ညဘက်ကိစ္စသာ ရှက်ဖွယ်လိလိ အနေအထားမျိုး ဖြစ်သွားလျှင် ယဲ့ရှောင်ဟန်က ယဲ့ကျန့်ဟန်ကို ရွံရှာစက်ဆုပ်သွားလိမ့်မည်။ ထိုအမျိုးသားနှင့် ဝိဉာဉ်ပေါင်းစည်းချင်မည် မဟုတ်ပေ။

ပင်မဝိဉာဉ်က ငြင်းပယ်လာလျှင် ယဲ့ကျန့်ဟန်၏ ဝိဉာဉ်အစိတ်အပိုင်းလေးသည် မည်မျှပင်အကြံကြီးပါစေ၊ ဘာမှလုပ်ဆောင်နိုင်တော့မည် မဟုတ်။

ယဲ့ကျန့်ဟန်သည် ခြူးမုယွင်၏ လှည့်ကွက်သေးသေးလေးကို နားလည်နေပါသော်ငြား ထိုလမ်းစဉ်အတိုင်း ဆက်လက်လျှောက်လှမ်းဆဲ။ ညဘက် ချစ်တင်းနှောသည့်အခါ ပို၍ပင် တတ်ကြွလာသေးသည်။

မည်သို့ဆိုစေ၊ သူ ထိုသို့ပြုမူနေခြင်းက သူ့အကြောင်း သူသိနေ၍သာ။ သူတို့နှစ်ဦးဟာ လူတစ်ယောက်တည်း မဟုတ်ပါလား။ ထို့ကြောင့် ကြိုက်နှစ်သက်သည့် အရာများလည်း တစ်ထပ်တည်း တူညီပေလိမ့်မည်။ သူက ခြူးမုယွင်ကို အတိုင်းထက်အလွန် ချစ်မြတ်နိုးနေမှတော့ သူ၏ ဖြူစင်ရိုးသားသည့် တစ်ဖက်ခြမ်းသည်လည်း ခြူးမုယွင်အပေါ် ခံစားချက်မရှိဘဲမနေ။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now