279 - End

3.8K 433 124
                                    

Unicode

ကိုယ်တာဝန်ယူရသည့် အလုပ်ကိုပင် သေချာမသိသေးသော ချစ်စဖွယ် System ပေါက်စလေးနှင့် တွေ့ရလိမ့်မည်ဟု အားကျိုလည်း မထင်ထားခဲ့ချေ။

ဝါရင့် System အနေဖြင့် System အားကျိုတွင် ဤချစ်စရာ Loli လေးကို ညွှန်ကြားသင်ပြပေးရန် တာဝန်ရှိလာသည်။

Zero လေးကလည်း တကယ့်ကို ပင်ကိုပါရမီပါပြီး အရည်အချင်းရှိ၏။ သူက System မဟုတ်ပါသော်ငြား မျက်စိတစ်မှိတ်စာအတွင်း သူ့ကိုယ်သူ System ဖြစ်အောင် ပြောင်းလဲနိုင်သည်။

ထိုဦးလေးကြီးက သူ့ကို ပြောလာသည်။ : “တာဝန်ဆိုတာ ပြီးမြောက်အောင်လုပ်ရမယ့် အရေးကြီးဆုံးကိစ္စပဲ..”

Zero လေး : “လက်ထပ်ခွင့်..!”

(TN : Zero လေးအရွယ်နဲ့ယှဉ်ပြီး ဦးလေးကြီးလို့ရေးတာနော်။ တကယ့်အဘိုးကြီးမဟုတ်။)

ထိုဦးလေးက ဆက်ပြောသည်။ : “တာဝန်က လက်ထပ်ခွင့်တောင်းရမှာဆိုရင် စောင့်ကြည့်ရလွယ်ပြီး တကယ်ချစ်မချစ် သိနိုင်အောင် ‘ချစ်ခြင်းခံစားချက်တိုးတက်မှုကို တိုင်းတာတဲ့’ ပရိုဂရမ်တစ်ခု Download ဆွဲထားတာ အကောင်းဆုံးပဲ.. ငါ့အထင် မင်းမှာ အချိန်-အာကာသဒင်္ဂါး မရှိသေးဘူးမလား.. ငါ့ဆီက နည်းနည်းယူထား..”

Zero လေး : “ကောင်းတာပေါ့..! ကျေးဇူးတင်ပါတယ်..!”

ထူးခြားဆန်းကြယ်သည့် ဦးလေးကြီးက ရှက်ရွံ့နေဟန်ဖြင့် ဆက်ပြောလာသည်။ : “ပြီးတော့ Auto Voice Reply နဲ့ အာရုံငါးပါး ပိတ်လို့ရတဲ့ အရန်လုပ်ဆောင်ချက်တစ်ခုလည်း ပေးမယ်..”

Zero လေး : “မိုက်လိုက်တာ..! ဒါနဲ့လေ Auto Reply နဲ့ အာရုံငါးပါးပိတ်တဲ့ လုပ်ဆောင်ချက်က ဘာအတွက်သုံးတာလဲ..?”

ထိုဦးလေးက ဝါရင့် System ပီပီ စိတ်အားထက်သန်စွာ ရှင်းပြပေးသည်။ : “ယေဘုယျအားဖြင့် တာဝန်လုပ်ဆောင်တဲ့နေရာမှာ စိတ်ခံစားချက်နဲ့ ပတ်သက်တဲ့ ထုတ်ပြောလို့မရတဲ့ကိစ္စလေးတွေ ပါလာတတ်တယ်.. လောလောဆယ်တော့ ငါ့စကားနားထောင်နော်..”

အလိမ္မာလေး Zero လေးသည် ဘာမှနားမလည်သော်လည်း လေးလေးနက်နက် ပြန်ဖြေပေးသည်။ : “ဟုတ်ကဲ့.. ဟုတ်ကဲ့..!”

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Dove le storie prendono vita. Scoprilo ora