217

2.1K 456 22
                                    

Unicode

စပါးပိုးတစ်ကောင်လို ဘဝကိုပျော်မွေ့နေသော ခြူးမုယွင်အနေဖြင့် မော့ကျိုးရှောင် ရောက်လာသည်ကို သိမနေသင့်ပေ။ သို့သော် ပကတိမြူနှင်းနန်းတော်မှ ထွက်ပြေးရန်အတွက် ခြူးမုယွင်သည် နန်းတော်တစ်ခုလုံး၏ အဝင်အထွက်အားလုံးကို စောင့်ကြည့်နေခဲ့၏။ မော့ကျိုးရှောင်၏ အဆင့်အတန်းအရ ပကတိမြူနှင်းနန်းတော်သို့ ရောက်လာလျှင် သင့်တင့်လျောက်ပတ်စွာ ကြိုဆိုခံရမည်ပင်။

သို့နှင့် ခြူးမုယွင်လည်း အနှီလှုပ်ရှားမှုကြီးကို သိရှိသွားခဲ့သည်။

မော့ကျိုးရှောင်က ရှန်ရွှိန်ယန်းကို ဘယ်မျက်နှာနဲ့များ လာရှာရဲတာလဲ..?

ခြူးမုယွင်မှာ ထိုအချက်ကို တွေးမရဖြစ်နေတော့သည်။

လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်ကျော်က မော့ကျိုးရှောင်၏ လုပ်ရပ်ကြောင့် မကျေမနပ်ဖြစ်နေသည်မှာ ရှဲ့ချင်းလန်တစ်ဦးတည်း မဟုတ်။ ရှန်ရွှိန်ယန်းလည်း မတော်တဆ ဒဏ်ရာရခဲ့သည့်အပြင် ရှန်ယွင်ကိုပါ သွယ်ဝိုက်သောနည်းဖြင့် သေဆုံးစေခဲ့သည်။ ထိုအချက်များကပင် ရှန်ရွှိန်ယန်းအတွက် မော့ကျိုးရှောင်အား တူးတူးခါးခါး မုန်းတီးရန် လုံလောက်နေချေပြီ။

ရှန်ရွှိန်ယန်းက ပုံမှန်ဆိုရင် ဒီလောက်အငြိုးကြီးတာ။ ဘယ်လိုလုပ် အလွယ်တကူ ခွင့်လွှတ်ပေးပါ့မလဲ..?

ခြူးမုယွင်မှာ အနည်းငယ် သိချင်လာမိ၏။ ရုတ်တရက် ရှဲ့ချင်းလန်ထံ မော့ကျိုးရှောင် ပို့လိုက်သော အယောင်ဆောင်‘ရှန်ယွင်’ကို သတိရသွားပြီး မထိန်းနိုင်အောင် ရယ်မောလိုက်မိသည်။

ကြည့်ရတာ မော့ကျိုးရှောင်က အယောင်ဆောင်ကို ဒီက ရတာများလား..? ဘာပဲပြောပြော ရှန်ရွှိန်ယန်းမှာ Instock အများကြီးပဲလေ..!

ထိုအတွေးကြောင့် ခြူးမုယွင်မှာ ရုတ်ချည်း အတွေးလွန်လာတော့သည်။

နတ်ဆိုးနယ်မြေက အကျယ်ကြီးလေ။ ဘယ်လောက်ကျယ်သလဲဆို လူဦးရေ သန်းနဲ့ချီအောင် ရှိနေတာ။ ဒါပေမဲ့… တကယ်ပဲ တိုက်ဆိုင်တာလား..? သူနဲ့ရုပ်ချင်းတူတဲ့လူတွေ ဒီလောက်အများကြီး တကယ်ရှိတယ်လား..?

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now