193

2.2K 501 37
                                    

Unicode

အကယ်၍ အရင်ဘဝသာ ရှိခဲ့မည်ဆိုလျှင် ဤသို့ လူအများ ဖျက်ဆီးချင်လောက်အောင် စွမ်းပကားကြီးသော အမျိုးသားကို သူ ကျိန်းသေပေါက် ချစ်ခဲ့မိလိမ့်မည်။

ယဲ့ကျန့်ဟန်၏ နှုတ်ခမ်းပါးများ မသိမသာ ကော့တက်သွားပြီး ခြူးမုယွင်ကို စိတ်ဝင်တစား ငေးကြည့်နေလေ၏။

“တကယ်ဆိုရင် မင်း ကိုယ့်ကို ဒီအတိုင်း ပစ်ထားလိုက်လို့ရတာပဲ.. အလွန်ဆုံးရှိမှ ရှို့လော်နယ်မြေကို ပြန်ရောက်သွားရုံပေါ့.. မင်း သိမ်းခိုင်းထားတဲ့ ဝိဉာဉ်ကတော့ အကာအကွယ်မရှိရင် လွတ်ထွက်သွားမှာပဲ.. ဒါလည်း တစ်မျိုးကောင်းတာပဲလေ.. အခုလည်း မင်းရဲ့ဘဝက သာယာနေတာပဲဟာ.. ချိပ်ပိတ်ခံထားရတဲ့ ဟိုခွေးဝံပုလွေလေးကို ဘာလို့ ဂရုစိုက်နေသေးတာလဲ..?”

(TN : ခွေးဝံပုလွေလေးက ‘အမျက်ဒေါသ’ ရဲ့ အရှင်သခင်ကြီး ‘လင်းရွှမ်’ပါနော်။ မေ့နေကြမှာစိုးလို့။)

ခြူးမုယွင်က အကြည့်ပြန်ရုတ်သိမ်းလိုက်သည်။ မျက်လွှာချထားသဖြင့် သူဘာတွေးနေမှန်း မည်သူမျှ မသိနိုင်ချေ။

ယဲ့ကျန့်ဟန်က ဆက်ပြောလာသည်။ : “ဘေးဒုက္ခကောင်လေးဆို မင်းကို အရူးအမူးဖြစ်နေတာ.. မင်းရဲ့ အတိတ်ကအကြောင်းတွေ သိများသိသွားရင် ရူးသွားမှာတောင် ကြောက်ရတယ်..”

“ဆေးလုံးသန့်စင်တဲ့ပညာက တကယ့်ကို အံ့ဩဖွယ်ရာပဲနော်.. စိတ်ဝင်စားစရာကောင်းတာတွေ အများကြီး ဖန်တီးလို့ရတယ်..” သူက ပြောရင်း အနားကပ်လာသည်။ ပုံရိပ်ယောင်သာသာ ဖြစ်သော်ငြား သူ၏ခန္ဓာကိုယ်မှ ရှင်းပြ၍မရသော အရှိန်အဝါတစ်ခု လွှင့်ထုတ်နေ၏။ ထို့နောက် ခြူမုယွင်၏ ဖြူဖျော့ဖျော့ နှုတ်ခမ်းပါးများကို လက်ချောင်းဖြင့် အသာပွတ်ဆွဲရင်း နူးညံ့နွေးထွေးစွာ ပြောလာသည်။ “ မင်း သူ့ကို ဖုံးကွယ်ထားတာတွေ အများကြီးပဲ.. သူသာ အဲ့ကိစ္စတွေ သိသွားရင်… ရူးရူးမိုက်မိုက်တွေ လျှောက်လုပ်ပစ်မှာ မင်း မကြောက်ဘူးလား..?”

ခြူးမုယွင်ကား မလှုပ်မယှက်။ နောက်ဆုံးတော့ ယဲ့ကျန့်ဟန်အား မော့ကြည့်လာသည်။ သူ၏မျက်ဝန်းများက တည်ငြိမ်စွာ၊ စိတ်ပြင်ဆင်ထားပြီးပြီမှန်း သိသာလှသည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Wo Geschichten leben. Entdecke jetzt