190

2.4K 530 13
                                    

Unicode

“အားမော့.. မင်းနဲ့အတူရှိနေနိုင်တာ ငါအရမ်းပျော်တာပဲ..”

***

ထိုသို့ပြောပြီးနောက် ခြူးမုယွင်သည် အတော်လေး ပင်ပန်းသွားဟန်တူ၏၊ မျက်တောင်လေးများ အသာလှုပ်ခတ်ကာ ထပ်မံ အိပ်ပျော်သွားတော့သည်။

ကျွင်းမော့က ဘာမှမပြောဘဲ သည်အတိုင်းလေးသာ ပွေ့ဖက်ထားခဲ့သည်။

အရာအားလုံးသည် သူမျှော်မှန်းထားသည့်အတိုင်း ဖြစ်ပျက်နေခြင်းသာ။ ‘အားမု’ သူ့ကို ထားသွားတော့မှာမဟုတ်သလို သူနှင့် ခွဲခွာချင်လိမ့်မည်မဟုတ်ပေ။ နှစ်ယောက်အတူ အချိန်အကြာကြီး ဆက်ရှိနိုင်လိမ့်မည်။

‘အားမု’ကိုယ်တိုင်ကလည်း လက်ရှိဘဝကို နှစ်သက်ဟန်တူပြီး…

အရာအားလုံး အဆင်ပြေနေသည်။

သို့သော် ဘာကြောင့်ရယ်မသိ၊ သူ၏စိတ်ထဲတွင် အတိတ်မှပုံရိပ်များ ရုတ်တရက် ပြန်လည်မြင်ယောင်လာမိ၏။

သူတို့နှစ်ဦး ပထမဆုံးဆုံတွေ့ခဲ့စဉ်က ‘အားမု’ကို သူ မော့ကြည့်ခဲ့ရသည်။ ‘အားမု’သည် ရုပ်ချောသလို တည်ကြည်ခန့်ညားသည်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ဖြင့် နှုတ်ခမ်းထောင့်တွင် သက်ဝင်တက်ကြွစွာသော အပြုံးလေးတစ်ခု ပန်ဆင်ထားတတ်သည်။ သူ၏အသွင်အပြင်နှင့် အပြုအမူတိုင်းက ညှို့ဓာတ်ပြင်းသလို တခြားလူများကို လှုံ့ဆော်နိုင်စွမ်း ရှိပေသည်။

‘အားမု’ဟာ အရာအားလုံး တတ်သိနားလည်သည်ဟု ထင်မှတ်ရလောက်အောင် စွမ်းအားကြီးပြီး ဗဟုသုတကြွယ်ဝ၏။ သူ့ကို အမြဲတမ်း ပြုံးပြတတ်ပြီး မျက်ဝန်းနက်နက်များက သူ ကြီးပြင်းလာသည်ကို စောင့်ကြည့်နေသယောင် အားပေးထောက်ခံခြင်းများဖြင့် ပြည့်နှက်နေတတ်သည်။

ဘေးကပ်ဆိုးခန္ဓာကိုယ်ကြောင့် သူ ခံစားနေရစဉ်မှာပင် ‘အားမု’သည် လုံးဝမပျော့ညံ့ခဲ့ပေ။ ဆောင်းရာသီအတွင်း အအေးနှင့်နှင်းဒဏ်ကို ဦးမညွှတ်တမ်း ကြံ့ကြံ့ခံနိုင်သော ထင်းရှူးပင်နှင့် ထင်ရှူးသီးများပမာ၊ မယိုင်မလဲသော စိတ်ဓာတ်အင်အားဖြင့် မညည်းမညူ တောင့်ခံပေးခဲ့သည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now