216

2.2K 441 31
                                    

Unicode

ကျွင်းမော့နဲ့ ရှဲ့ချင်းလန်က အလောင်းကိုဖက်ပြီး ရှင်လျက်နဲ့သေသူလို ဖြစ်နေတဲ့အချိန် ဒီအရူးကောင်စုတ်လေး ရှန်ရွှိန်ယန်းကတော့ မောင်းမဆောင်ကြီးတစ်ခု (harem) ဖွင့်ထားသတဲ့..!

ခြူးမုယွင်၏ ခံစားချက်ကား ပြောမပြတတ်အောင်ပင်။ လက်အနည်းငယ် ယားလာပြီး နှလုံးသွေးပင် ဆောင့်တိုးလာတော့သည်။

နှစ်သုံးထောင်ကြာသွားတာတောင် ‘လောဘ’ရဲ့အကျင့်က ပိုဆိုးလာပါလား။ သင်းကို ကောင်းကောင်းမဆုံးမနိုင်ရင် သူ့ကိုယ်သူ ‘အဖေ’လို့ ဘယ်ခေါ်ထိုက်ပါတော့မလဲ..?

ခြူးမုယွင်တစ်ယောက် ရှန်ရွှိန်ယန်းအား တစ်စုံတစ်ယောက်ကို စွဲလမ်းနေရာမှ ဘယ်လိုမျိုးရုန်းထွက်ရမလဲဆိုတာ သင်ပေးရန် အလေးအနက်ထား စဉ်းစားနေတော့သည်။

အစားထိုးတွေနဲ့ ပျော်ပါးတာက မကောင်းဘူးဟ..! အခန့်မသင့်ရင် ကိုယ့်ကိုယ်ကို ပြန်ဒုက္ခပေးမိလိမ့်မယ်..! ဒီအဖေမှ မသင်ပေးရင် မင်းကို ဘယ်သူမှ ပြောပြရဲမှာမဟုတ်ဘူး..!

ခြူးမုယွင်လည်း အဝတ်အစားလဲကာ သေသေသပ်သပ် ဝတ်စားပြီးနောက် ရှန်ရွှိန်ယန်းဆီသို့ ဦးတည်လိုက်တော့သည်။

ရှန်ရွှိန်ယန်းသည် ဝင့်ကြွားလွန်းပြီး မည်သို့မည်ပုံ နှိမ့်ချနေထိုင်ရမှန်း နားမလည်ချေ။ သူ၏ ပကတိမြူနှင်းနန်းတော်ကြီးဟာ နှစ်ပေါင်းသုံးထောင်ကျော် တည်ရှိလာပြီးနောက် သယံဇာတအမျိုးမျိုးဖြင့် မွမ်းမံပြုပြင်လာရင်း ယခင်ထက်ပင် ပိုမိုကြီးကျယ်ခမ်းနားလာကာ ကမ္ဘာလောကအထက်မှ နတ်ဘုံနတ်နန်းသဖွယ် ဖြစ်လာတော့သည်။

သူက ‘အသက်တံခါး’ကို ပထမဆုံး ထိန်းချုပ်နိုင်ခဲ့သူလည်း ဖြစ်၏။ ‘အသက်တံခါး’ကြောင့် ဘေးကပ်ဆိုးကြီးတစ်ခု ဖြစ်ခဲ့ရသော်ငြား ရှန်ရွှိန်ယန်းသည် ထိုမှ စွမ်းအင်များစွာရရှိခဲ့ပြီး လူတို့၏နှလုံးအိမ်ထဲ အကြောက်တရား ရိုက်သွင်းကာ အရာအားလုံး ချုပ်ကိုင်ထားနိုင်သည်အထိ ဖြစ်လာခဲ့သည်။

ဤပကတိမြူနှင်းနန်းတော်ကြီးသည် လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်ကထက် ၁၀ ဆမက ကျယ်ဝန်းသော နယ်မြေအပိုင်းအခြားတစ်ခုကို အုပ်စိုးထားလေသည်။ နယ်နိမိတ် ကြီးမားလာရုံသာမက၊ နန်းတော်ကြီး၏ အသက်ရှူမှားဖွယ် အလှတရားဟာလည်း ဧရိယာအကျယ်အဝန်းနှင့်အညီ ဆန်းကြယ်ခမ်းနားလာပြီး  မြက်တစ်ပင်၊ သစ်တစ်ပင်ကအစ ရင်သပ်ရှုမောဖွယ် ဖြစ်နေတော့သည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now