211

2.2K 490 32
                                    

Unicode

ဆရာခြူး စိတ်မကြည်နေသဖြင့် Zero လေးမှာ ကြောက်လန့်နေရှာသည်။

‘No one is Perfect’ ဟူသည့် ဆိုရိုးစကားအတိုင်း ဆရာခြူးသည် IQ မြင့်သလို အကယ်ဒမီသရုပ်ဆောင်ကဲ့သို့ စွမ်းဆောင်နိုင်သော်ငြား အားနည်းချက်များလည်း ရှိနေပါသေး၏။

ဥပမာအားဖြင့် သူ၏ ကလေးပျိုးထောင်သည့် စွမ်းရည်က အနုတ်လက္ခဏာဆောင်နေပြီး တခြားဥပမာဆိုရလျှင် အလိုလိုက်တတ်လွန်းသည့် အကျင့်ကလည်း Next Level ရောက်နေသည်။

(TN : ဒီနေရာမှာ ဆရာခြူးက ခေတ်သစ်ကလူမို့ အသုံးများတဲ့ ဆိုရိုးနဲ့ Eng စကားလုံးတွေကို တိုက်ရိုက်သုံးထားတာပါ။)

ယခုတော့ ဆရာခြူးခမျာ သူ့လုပ်ရပ်များ၏ အကျိုးဆက်ကို မြည်းစမ်းရန်ပင် ရှက်ရွံ့နေတော့သည်။

သူက စိတ်ပျက်ဝမ်းနည်းနေသည့် ကျွင်းမော့ကို ဖြေသိမ့်ပေးချင်ရုံသာ၊ ခေါင်းမာလွန်းသည့် ကလေးငယ်ကို နှစ်သိမ့်ပေးချင်ရုံသာ။ သို့သော် ကိုယ့်ဇာတ်ကိုယ်မနိုင်ဘဲ လက်ရှိခန္ဓာကိုယ်က အားနည်းနေဆဲဆိုတာ မေ့လျော့သွားခဲ့၏။

ထို့နောက်တွင်မူ…

ကောင်းရော… သောက်ကျိုးနည်း..!

ဒီလိုသေသွားပုံနဲ့… ကျွင်းမော့ ဝေဝေဝါးဝါး ဖြစ်နေလို့သာ ကံကောင်းသွားတာပေါ့၊ မဟုတ်ရင် စိတ်ရူးပေါက်ပြီး ကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးပစ်လောက်တယ်..!

သို့သော် ယခုလိုသေဆုံးသွားတာကြောင့် ပြောခဲ့သမျှ၊ လုပ်ခဲ့သမျှ အရာအားလုံး အလဟဿ ဖြစ်ကုန်ရ၏။ အိပ်ရာနိုးလာသည်နှင့် ကျွင်းမော့၏ စိတ်အခြေအနေက ပိုမိုဆိုးရွားလာလိမ့်မည်။

ထို့အပြင် နာကျင်မှုဒဏ်ကို ကြံ့ကြံ့ခံခဲ့ခြင်းက ကျွင်းမော့ကို ဖြည့်ဆည်းပေးလိုသော စိတ်ဆန္ဒတစ်ခုကြောင့်သာ။ ယခုတော့ အရာအားလုံး အချည်းနှီးဖြစ်ကုန်သဖြင့် ခြူးမုယွင်မှာ လူသတ်ချင်နေတော့သည်။

Zero လေးက အရိပ်အကဲနားလည်လိုက်တဲ့ ကလေးပါနော်။ အဲ့အကြောင်း မပြောသင့်မှန်း သိတယ်။ ကြီးမြတ်လှတဲ့ Host က အကျယ်ကြီး အော်ညည်းပြီး သေလုအောင် *** ခံနေရတယ်ဆိုတာ.. မဟုတ်ဘူး.. သူ ဘာမှမသိဘူးနော်။ ဘယ်အချိန်ဆို အာရုံငါးပါးပိတ်နေသင့်လဲဆိုတာ ကောင်းကောင်းသိတဲ့ System အလိမ္မာလေးအနေနဲ့ လောလောဆယ် လုပ်သင့်တဲ့အရာက… အိုက်ရား… သူ လုပ်စရာရှိသေးတာပဲ..! အာ.. မနေ့က update မြှင့်ထားတဲ့ Emoticon တွေ ပြန်မစီရသေးဘူးပဲ..!

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now