220

2K 485 24
                                    

Unicode

အားစစ်ခမျာ တစ်ကိုယ်လုံး တုန်ယင်သွားရှာသည်။

တကယ့်ကို သူ မဟုတ်ခဲ့ပေ။

သို့သော် တာဝန်ရှိသူက သူဖြစ်သည်။ သူသာ မချော်လဲခဲ့ဘူးဆိုလျှင် တာဝန်ထမ်းဆောင်နိုင်ခဲ့မည်ပင်။ ထိုစဉ်က အတော်လေး အလျင်လိုနေပြီး အင်္ကျီပြန်လဲရန်လည်း အချိန်မလုံလောက်ခဲ့ပေ။ ထို့ကြောင့် အပြစ်ပေးခံရမည်ကို ကြောက်ပြီး အားမုကို သူ့အစား သွားခွင့်ပြုလိုက်မိသည်။

သို့သော် အရှင်က ထိုတွေ့ဆုံပွဲကို အလေးအနက် ထားလိမ့်မည်ဟု မည်သူ ထင်ထားမည်နည်း။ ထိုပွဲအတွက် အမှုထမ်းခဲ့သူအားလုံး ချက်ချင်း အရောက်လာရန် ဆင့်ခေါ်ခံခဲ့ရလေသည်။

တကယ်တော့ အားစစ်က အားမုကို သွားခေါ်လိုက်သင့်သည်။ သို့သော် သူ မလုပ်ချင်ခဲ့ပေ။ စာရင်းမှတ်တမ်းထဲတွင် သူ့နာမည် ရှိနေပြီး ထိုစဉ်က လူအများကြီး ခစားခဲ့ရသဖြင့် သူ့ကို ဘယ်သူမှ သတိထားမိလိမ့်မည် မဟုတ်ပေ။ ထို့အပြင် သူသွားလျှင် အရှင်ကြီးကို တွေ့နိုင်ပေလိမ့်မည်။ အကယ်၍များ….

အထက်ဆင့်အိမ်ရာမှာ မနေချင်တဲ့လူ ဘယ်သူရှိမှာလဲ..? အားမုတောင် ကံကောင်းပြီး မျက်နှာသာရသွားပြီ။ သူသာ အဲ့လိုအခွင့်အရေးမျိုး ရခဲ့မယ်ဆိုရင်….

သို့နှင့် အားစစ်လည်း ဘာမှမပြောဘဲ အိမ်တော်ထိန်းနှင့်အတူ ပင်မခန်းမကြီးသို့ လိုက်လာခဲ့တော့၏။

အရှင်သခင်က တစ်ချက်ဝေ့ကြည့်ရုံဖြင့် သိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ဤမျှအားကောင်းလွန်းသော အာရုံစူးစိုက်နိုင်စွမ်းနှင့် မှတ်ဉာဏ်၊ တကယ့်ကို ကြောက်မက်ဖွယ်ကောင်းလှပေသည်။

အားစစ်၏ လက်ဖဝါးတွင် ချွေးပြန်လာတော့သည်။ သူ့ခမျာ စကားပြောချင်သော်လည်း တုန်လှုပ်ချောက်ချားနေသဖြင့် အသံထွက်မလာခဲ့ပေ။

ရှန်ရွှိန်ယန်း၏ တင်တင်စီးစီးဟန်ပန်က တကယ့်ကို စွဲမက်ဖွယ်ရာပင်။ တော်ရုံ စကားနည်းသော်လည်း အကျင့်စရိုက်ကတော့ လုံးဝ အကျိုးအကြောင်းမသိတတ်ပေ။ ရုပ်ကလေး လှသလောက် ကြောက်စရာကောင်းသည်။ သူ့အား ကြောက်လန့်နေသူများကို တန်းစီခိုင်းလိုက်လျှင် နတ်ဆိုးတိုင်းပြည်ကိုပင် သုံးပတ်ပတ်နိုင်လောက်သည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now