248

1.8K 425 24
                                    

Unicode

ကျွင်းမော့သည် ထိုအဆင့်မမီသော ဝိဉာဉ်သားရဲအဆီအနှစ်ကို မော့ကျိုးရှောင်ထံမှ ရရှိခဲ့ခြင်း ဖြစ်နိုင်ပါ၏။ မည်သို့ဆိုစေ ဤနှစ်ပေါင်းများစွာအတွင်း ရေခဲဝိဉာဉ်သားရဲတစ်ကောင်သာ ရှိခဲ့ပြီး မော့ကျိုးရှောင်က ထိုဝိဉာဉ်သားရဲနှင့် ထိတွေ့မှုအရှိဆုံးလူ ဖြစ်ခဲ့သည်။ သူနှင့် ကျွင်းမော့တွင် သဘောတူညီချက်တစ်ခု ရှိနေသည်ဖြစ်ရာ ဝိဉာဉ်သားရဲလေးကို အထူးတလည် အရေးပေးခဲ့သည်မှာ မထူးဆန်းတော့ပါချေ။

ထိုစဉ်က သားရဲအဆီအနှစ်သည် မသန့်စင်သော်ငြား အကျိုးသက်ရောက်မှုရှိပုံရသည်။

သို့သော် ဘေးထွက်ဆိုးကျိုးက အတော်လေး ပြင်းထန်နေသည်။ ခြူးမုယွင်ခမျာ မသေရုံလေးသာ အသက်ရှင်နေရပြီး တစ်ကိုယ်လုံး အကြောသေနေသလို လှုပ်မရတော့ပေ။

ဆရာခြူး : စိတ်တိုလိုက်တာ..!

ကျွင်းမော့ကတော့ အတော်လေး ပျော်ရွှင်နေရှာသည်။ သူသည် နှစ်သုံးထောင်ခန့် စောင့်ဆိုင်းခဲ့ရပြီးမှ ဝိဉာဉ်သားရဲတစ်ကောင်သာ ရှာတွေ့ခဲ့ပြီး ဝိဉာဉ်ဖမ်းယူဆေး သန့်စင်ရန် အချိန်အတော်ယူလိုက်ရ၏။ အရည်အသွေးအကောင်းဆုံး ဆေးလုံးကို မဖန်တီးနိုင်ခဲ့သည်မှာ နှမြောစရာကောင်းသော်ငြား အနည်းဆုံး ခြူးမုယွင်ကိုတော့ အောင်အောင်မြင်မြင် ခေါ်ဆောင်နိုင်ခဲ့သည်။

ခြူးမုယွင်က မျက်မှောင်ကြုတ်ကာ သူ၏စိတ်ထဲ အရမ်းခံစားနေရသလို ပြုမူလိုက်သည်။

ကျွင်းမော့က ထိုခံစားချက်များကို သူ၏ မျက်ဝန်းထဲမှတဆင့် တွေ့မြင်သွားပြီး နှစ်သိမ့်လာခဲ့သည်။

“အားယွင်.. စိတ်မပူနဲ့နော်.. လောလောဆယ် ဒီခန္ဓာကိုယ်က အားနည်းနေပေမယ့် ကျွန်တော် ရှိနေတာပဲလေ.. သိပ်မကြာခင် ပြန်ကောင်းလာမှာပါ..”

မယုံကြည်နိုင်လောက်သည့် ဆေးဝါးများကိုပင် သန့်စင်နိုင်သည်ဖြစ်ရာ ကျွင်းမော့ မကုသနိုင်သည့် ရောဂါဟူ၍ အဘယ်ရှိမည်နည်း။

ခြူးမုယွင်လည်း ထိုအခြင်းအရာကို သိနေပါသည်။

သူက ယခုအချိန် ဇီးပန်းရောင်ဝါတောင်တွင် ဘာဆက်ဖြစ်နေလိမ့်မလဲဟု စိုးရိမ်ပူပန်နေခြင်းသာ။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now