205

2K 483 13
                                    

Unicode

ပြီးပြည့်စုံလွန်းသော အနှီဇာတ်ညွှန်းကြောင့် ယဲ့ကျန့်ဟန် ဘာပြောပြော ယဲ့ရှောင်ဟန်ကို တားဆီးနိုင်တော့မည် မဟုတ်ပေ။

အကြောင်းမှာ ခြူးမုယွင်သည် စပြောကတည်းက ‘အားမော့’ ဟူ၍ သုံးနှုန်းခဲ့သောကြောင့် ဖြစ်၏။

သူ ယဲ့ရှောင်ဟန်ကို လိမ်နေခြင်းမဟုတ်။ အရက်မူးပြီး ခံစားချက်အစစ်များ ထုတ်ဖော်ပြလာရုံသာ။ သူ၏ နှလုံးသားထဲတွင် သူ့ချစ်သူအကြောင်းသာ ပြည့်နှက်လေသည်။

ခြူးမုယွင်သည် ယဲ့ရှောင်ဟန်၏ အတွေးအတိုင်း သူ့ချစ်သူအပေါ် သစ္စာဖောက်မိသောကြောင့် နာကျင်ခံစားနေရသလိုလို၊ စိတ်ဆင်းရဲကိုယ်ဆင်းရဲ ဖြစ်နေသလိုလို၊ ရင်ထဲမှခံစားချက်များ ဖွင့်ဟပြလိုက်၏။

ထိုအခါ လွန်ခဲ့သောရက်များက သူပြောခဲ့ဖူးသော စကားလုံးများနှင့် ရှေ့နောက်ညီသွားတော့သည်။

သူက ‘ငါ ကျွင်းမော့အနားက ထွက်သွားတော့မယ်..’ ‘ထွက်သွားချင်လို့မဟုတ်ဘူး.. ထွက်သွားမှ ဖြစ်မှာမလို့ပါ..’ စသည်ဖြင့် ပြောခဲ့ဖူးသည်။

သူ၏ သစ္စာမဲ့မှုကြောင့် ကျွင်းမော့အနားတွင် ဆက်မနေသင့်တော့ပေ။ ချစ်သူနှစ်ဦးကြားမှ အခြေခံအကျဆုံးသော ယုံကြည်မှုကို ဆုံးရှုံးသွားချေပြီ။

သူ သူ့ကိုယ်သူ မုန်းသည်၊ ရွံရှာစက်ဆုပ်မိသည်။ သို့သော် ဖြစ်ပျက်လာသမျှကို မလွန်ဆန်နိုင်သည့်အပြင် လူနှစ်ယောက်လုံးကို (ယဲ့ကြီးနှင့်ယဲ့ပေါက်) ရမ္မက်နွံအိုင်ထဲ ဆွဲချမိခဲ့သည့်အတွက် သူ၏စိတ်ထဲ ကူကယ်ရာမဲ့လာခဲ့၏။

ထိုနေ့မနက်က ယဲ့ရှောင်ဟန်အား လမ်းဖွင့်ပေးခဲ့သူမှာ သူကိုယ်တိုင် ဖြစ်နေသည်။ ထိုနောက်တွင်မူ ယဲ့ရှောင်ဟန်က သူ့ကိုယ်သူ အပြစ်တင်နေပြီး သတ်သေချင်နေတော့သည်။ ‘လင်းမု’ အနေဖြင့်ရော အဘယ်သို့ ထပ်တူမခံစားမိဘဲနေမည်နည်း။

ထိုအခိုက်အတန့်လေးတွင် မိန်းမောနေခဲ့သော်လည်း ကိစ္စပြီးနောက် အရာအားလုံးကို ရှင်းရှင်းလင်းလင်း သတိရလာခဲ့သည်။ သူက ယဲ့ရှောင်ဟန်အား ‘အရင်လို ပြန်နေကြရအောင်.. မိတ်ဆွေအနေနဲ့ မဆုံးရှုံးချင်ဘူး’ ဟု ပြောခဲ့ပါသော်လည်း ရမ္မက်စိတ်တက်နေချိန်တွင် ထိုသို့သောကိစ္စမျိုး………..

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now