276

1.7K 347 24
                                    

Unicode

ကျွင်းမော့က ခြူးမုယွင်ပြောတာကို မကြားချင်ယောင်ဆောင်လိုက်သည်။

ထို့နောက် ခြူးမုယွင်ကို လှည့်ကြည့်ကာ.. : “သူတို့က နတ်ဆိုးတိုင်းပြည်အကြောင်း ဘယ်လိုလုပ်သိနေတာလဲ..?”

‘အသက်တံခါး’သည် <နတ်ဆိုးတိုင်းပြည်>ကမ္ဘာနှင့် ကမ္ဘာအဟောင်းကို ဆက်သွယ်ပေးထားသော်ငြား ကမ္ဘာမြေ(earth)ကတော့ သပ်သပ်ကမ္ဘာတစ်ခု ဖြစ်၏။ သူတို့နှင့် လုံးဝဆက်စပ်မှုမရှိပေ။ သို့ဖြစ်ရာ ဤကမ္ဘာမြေသားများက ‘နတ်ဆိုးတိုင်းပြည်’ တည်ရှိနေကြောင်း အဘယ်သို့ သိနေကြသနည်း။

ခြူးမုယွင် မည်သို့ရှင်းပြနိုင်ပါမည်နည်း။

သူ မည်မျှစကားပြောကောင်းပါစေ၊ လက်ရှိအချိန်မှာတော့ ပြောရန်စကားမရှိတော့ပေ။

<<နတ်ဆိုးတိုင်းပြည်>>ဝတ္ထုအား အကြိမ်ပေါင်းများစွာ ပုံနှိပ်ထုတ်ဝေခဲ့သည်ကို အသာထား၊ အင်တာနက်ပေါ်မှ အောင်မြင်မှုတစ်ခုတည်းဖြင့်ပင် လူသိများထင်ရှားမှုက အဆုံးမရှိ။ fanfic အမျိုးမျိုးကို နေရာအနှံ့တွင် တွေ့နိုင်ပြီး CP Fandom များလည်း မနည်းမနော ရှိနေသည်ဖြစ်ရာ ငြင်းဆန်ရန် မဖြစ်နိုင်တော့ပေ။

ခြူးမုယွင်လည်း ဖုံးကွယ်မရတာကြောင့် ရိုးရိုးသားသား ဝန်ခံရတော့သည်။

ကျွင်းမော့မှာ အတန်ငယ် ထိတ်လန့်သွားပြီး လွှတ်ခနဲ ပြောလာ၏။ : “ခင်ဗျား အကုန်လုံးကို မေ့သွားတာမဟုတ်ဘူးပဲ..”

ခြူးမုယွင် ကြောင်အမ်းသွားသည်။

ကျွင်းမော့က ရုတ်တရက် ပြုံးလိုက်ကာ.. : “ခင်ဗျားရဲ့မသိစိတ်က ကျွန်တော့်ကို မှတ်မိနေတာပဲ..”

အဲ့တာကြောင့် ကမ္ဘာမြေပေါ်မှာမရှိတဲ့ ကမ္ဘာတစ်ခုအကြောင်း အခုလို ရေးခဲ့တာပေါ့..!

ခြူးမုယွင်မှာ အသံတိတ်နေလေ၏။ သူ တကယ်ပြောချင်သည်ကား : အပျော်မစောနဲ့ဦး နတ်သားလေးရေ.. ဝတ္ထုထဲက အကြောင်းအရာတွေ ဖတ်ပြီးရင် မင်း ငါ့ကို အသေရိုက်သတ်လိမ့်မယ်..!

ဆရာခြူးဟူသည် အမြဲတမ်း လက်ရဲဇက်ရဲနိုင်ပြီး သတ္တိအရာတွင် ယှဉ်ပြိုင်နိုင်သူမရှိ။ သူက သက်ပြင်းရှိုက်ကာ ပြောလိုက်သည်။ : “တိုက်ခန်းက စာဖတ်ခန်းထဲမှာ <<နတ်ဆိုးတိုင်းပြည်>> ဆိုတဲ့ စာစဉ်အတွဲလိုက်ရှိတယ်.. ဖတ်ကြည့်ပြီးရင် မင်း နားလည်လာမှာပါ..”

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now