196

2.1K 481 8
                                    

Unicode

ကျွင်းမော့သည် ထိုနေရာတွင်ပင် ကြက်သေ,သေနေတော့သည်။

သူ၏စိတ်ထဲတွင် ‘ဒီကောင်လေးက ဘယ်သူလဲ၊ ဘယ်က ရောက်လာသလဲ၊ ဒီမှာ ဘာလုပ်နေသလဲ’ ဟူ၍ တွေးနေခြင်းမဟုတ်။ ဦးခေါင်းတစ်ခုလုံး ပြည့်နှက်နေသည့် အတွေးကား : ‘သူလုပ်ထားတာ အကုန်ပေါ်သွားပြီ..’ ဟူ၍။

-သူလုပ်ခဲ့သမျှ ‘အားမု’ အကုန်သိသွားပြီ။

ကျွင်းမော့တစ်ယောက် ထိုနေရာတွင်ပင် မလှုပ်မယှက် ခြေစုံရပ်နေတော့သည်။ အကယ်၍ ဝါးတောအုပ်ဘက်မှ လေညင်းသွဲ့သွဲ့ တိုက်ခတ်မှုကြောင့် သူ၏အင်္ကျီစများ လှုပ်ခတ်မနေဘူးဆိုလျှင်၊ ငွေရောင်ဆံနွယ်ရှည်တို့ ရေတံခွန်နှယ် မျောလွင့်မနေဘူးဆိုလျှင်၊ သူ့အား အသက်ဝိဉာဉ်ကင်းမဲ့သော ရေခဲရုပ်ထုသဖွယ် မှတ်ထင်မိချေလိမ့်မည်။

အဆုံးမှာတော့ ခြူးမုယွင်က အရင်စပြောလိုက်သည်။ : “ပြန်လာပြီဆိုတော့ ဆေးလုံးသန့်စင်ပြီးပြီလား..?”

ကျွင်းမော့က ဘာမှပြန်မပြောခဲ့ပေ။

တစ်ဦးကိုတစ်ဦး ခပ်လှမ်းလှမ်းမှသာ ငေးကြည့်နေကြလေသည်။ အကွာအဝေးက သိပ်မဝေးသောကြောင့် စကားသံ ကြားနိုင်သော်လည်း မျက်နှာအမူအရာကိုတော့ သဲသဲကွဲကွဲ မမြင်နိုင်ပေ။

ခြူးမုယွင်က ထပ်မေးလိုက်သည်။ : “အားမော့.. ‘ကောင်းကင်ကပ်ဘေး’ ခန္ဓာကိုယ်ကို ဖယ်ရှားပြီးပြီလား..?”

အတော်ကြာ တိတ်ဆိတ်သွားပြန်သည်။ ကျွင်းမော့၏ပုံစံက ဘာမှမကြားသလို တုံ့ပြန်မှုမရှိပေ။

ခြူးမုယွင် မတ်တပ်ရပ်လိုက်သည်။ အင်္ကျီဝတ်ထားသော်လည်း ပိန်ပါးလွန်းသော ခန္ဓာကိုယ်ကြောင့် သိပ်မတော်တော့ပေ။ ပခုံးနေရာက လျောကျနေပြီး ခါးစည်းကြိုးကိုပင် ခပ်တင်းတင်း ချည်နှောင်ထားရသည်။

မတ်တပ်ရပ်လိုက်သည်နှင့် ယိမ်းယိုင်သွားသဖြင့် အနားမှကောင်လေးက ခြူးမုယွင်ကို ကပျာကယာ ထိန်းပေးခဲ့သည်။

ခြူးမုယွင်က ကျွင်းမော့ဘက်လှည့်ကာ ပြုံးလိုက်သည်။ ပြီးနောက် ခေါင်းမော့ကာ နှေးကွေးသော်လည်း ခိုင်မြဲသော ခြေလှမ်းများဖြင့် လျှောက်သွားလိုက်သည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now