225

2K 473 35
                                    

Unicode

ဒါက <<နတ်ဆိုးတိုင်းပြည်>> Version အမှန်ပြောဆေးပဲဟ..!

Zero : “ဆေး…. ဆေး…. ဆေး…. လုံး..!”

(TN : သူပြောထားတာတော့ အဲ့စကားလုံးကို ပေါင်းပြီး တရုတ်လိုအသံထွက်ရင် ‘ငါတို့တော့သွားပြီ..’ လို့ အဓိပ္ပါယ်ရပါတယ်တဲ့။ Meli လည်း တရုတ်လိုမတတ်လို့ မပြောတတ်ပါဘူးရှင်။)

ခြူးမုယွင် : “………”

Zero : “ဘယ်လိုလုပ်ရမလဲဟင်..? ကျွန်တော့်အကြောင်း သိသွားတော့မယ်ထင်တယ်..? သူတို့ ကျွန်တော့်ကို ရိုက်သတ်တော့မှာလား..? QAQ!”

ခြူးမုယွင် : ကောင်းလိုက်တာ၊ နောက်ဆုံးတော့ နည်းနည်းလေး စိတ်ဖိစီးနေတာတောင် ပျောက်သွားပြီ..!

#အပြင်ထွက်ရင် ချစ်ဖို့ကောင်းတဲ့ ငတုံးလေးတစ်ယောက်ကိုပါ အပါခေါ်သွားပါ၊ မင်းရဲ့ စိုးရိမ်ပူပန်မှုအားလုံး ပျောက်ကွယ်သွားလိမ့်မယ်။

ခြူးမုယွင်မှာ စက္ကန့်အနည်းငယ်မျှ ပျာယာခတ်နေခဲ့သော်လည်း သိပ်မကြာခင်မှာပင် တည်ငြိမ်လာခဲ့သည်။

အမှန်ပြောဆေး သုံးလိုက်သူက မော့ကျိုးရှောင်ဖြစ်နေ၍သာ ကံကောင်းသွားသည်။ ယဲ့ကျန့်ဟန် (အစားကြူးခြင်း)သာ ဖြစ်နေခဲ့လျှင် သူ၏ ဘဝလေး ယခုအချိန်မှစ၍ နိဂုံးချုပ်သွားပေလိမ့်မည်။

ခြူးမုယွင်က Zero လေးကို ခပ်မြန်မြန် ပြောလိုက်သည်။ : “အကြွင်းမဲ့အသိစိတ်ကို မနားတမ်းဖွင့်ထား..”

Zero လေးကလည်း ချက်ချင်း ပြန်ဖြေလာသည်။ : “အိုကေ.. အိုကေ..!”

ခြူးမုယွင်မှာ သူ၏ ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ပေ။ အထူးသဖြင့် အသံလှိုင်းအတက်အကျမရှိ တည်တည်ငြိမ်ငြိမ် ထွက်ပေါ်လာသော သူ၏အသံ။ ဦးနှောက်က တည်ငြိမ်နေပါသော်ငြား အာရုံကြောများဟာ ကိုယ်ပိုင်အသိစိတ် ရှိနေသကဲ့သို့ တစ်ဖက်လူ မေးခွန်းထုတ်လာတိုင်း တုံ့ဆိုင်းမှုမရှိ ပြန်ဖြေနေလိမ့်မည်။

မော့ကျိုးရှောင်က အရေးကြီးဆုံးမေးခွန်းကို ဦးစွာမေးလာခဲ့သည်။ : ‘သူ ဘယ်သူလဲ’ တဲ့။

ထိုမေးခွန်းအတွက် ခြူးမုယွင် စိတ်မပူခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူက လိမ်ညာနေစရာမလိုအောင် ခြူးမုယွင်စင်စစ် ဖြစ်နေသည်လေ။ သို့သော် ထိုအဖြေကို ကြားလိုက်ရသော မော့ကျိုးရှောင်အတွက်တော့ သက်ရောက်မှုများစွာ ရှိခဲ့သည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Waar verhalen tot leven komen. Ontdek het nu