{135}

3.3K 592 27
                                    

Unicode

သို့ပါသော်လည်း ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ချူချန်မေးလာသည်က သူ့ကို အံ့ဩသွားစေသည်။

“မနက်ဖြန်အတွက် မင်း  စီစဉ်ထားတာတွေဘာတွေရှိလား”

“ဟင့်အင်း”

ကျိချင်းကျိုးတစ်ယောက် အရှိတိုင်း‌ဖြေလိုက်သည်။

“ဒီ‌တစ်လော ခင်ဗျားက အလုပ်တွေ တအားများနေတဲ့ဟာ မနက်ဖြန် ဒင်နာပဲ တူတူစားကြမယ်လေ။ ခင်ဗျားအလုပ်ပြီးတဲ့အချိန် ခင်ဗျားရဲ့ ကုမ္ပဏီကို ကျွန်တော်လာတွေ့မယ်”


“မနက်ဖြန်က ချစ်သူများနေ့နော်...မင်းက ကိုယ်နဲ့ ဒင်နာဒိတ်လောက်လေးလုပ်ပြီး ကိုယ့်ကို အလုပ်တွေ ဆက်လုပ်ခိုင်းတော့မှာလား?”

“ခင်ဗျားအလုပ်တွေက အချိန်နှောင့်နှေးလို့မရဘူးလေ” ကျိချင်းကျိုးက ချက်ကျလက်ကျပြန်ပြောလိုက်သည်။

ချူချန်ကတော့ သူတွေးပေးလွန်းနေပြီဟုသာ ထင်လိုက်၏။

“ပြောချင်တာ မနက်ဖြန်အတွက် မင်းမှာ ဘာပလန်မှ မရှိဘူးပေါ့လေ။ဟုတ်လား”

ကျိချင်းကျိုး ခေါင်းညိမ့်လိုက်၏။

“ကောင်းသားပဲ။ကိုယ်က မနက်ဖြန်အတွက် အကုန်စီစဉ်ထားပြီးသားဆိုတော့ မင်းက ကိုယ့်အစီစဉ်အတိုင်း လိုက်လုပ်ရတော့မှာပဲ”

အခုတော့ ကျိချင်းကျိုးမယ် သိချင်စိတ်ပေါ်သွားသည်။

“ခင်ဗျား ဘာတွေစီစဉ်ထားတာလဲ”

“မင်းကို ခေါ်ပြီးထွက်လည်မယ်”

“ဘယ်လဲ? နေဦး...မနက်ဖြန် အလုပ်ရှိတယ်မလား? အဆင်ပြေပါ့မလား? နှစ်ကူးပွဲတော်လည်း နီးနေပြီကို အခုထိ ခင်ဗျားပုံက နွမ်းလျလျနဲ့။ခင်ဗျား အချိန်မီရော အနားယူနိုင်ပါ့မလား?”

“ဒါပေါ့။ ကိုယ်က မနက်ဖြန်နဲ့ သဘက်ခါကိုသာ အလုပ်သွားဖို့ လုပ်ထားရင် အချိန်ပိုတွေ အများကြီး ဆင်းထားဖို့ လိုမှာ မဟုတ်ဘူးနော်”

“ဒါဆို......ခင်ဗျားက ကျွန်တော်နဲ့ နှစ်ရက်တောင် နေပေးမှာပေါ့”

ချူချန် သူ့မျက်နှာလေးအား ညှစ်လိုက်ကာ-

“အင်း။ပျော်လား”

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now