{136}

3.3K 558 34
                                    

Unicode


“အင်းလေ။တကယ်တော့ ကိုယ်မင်းကို ဟိုအချိန်အကြာကြီးတည်းက သဘောကျခဲ့ပြီး အမြဲတမ်းလည်း သဘောကျနေခဲ့တာပဲ”

ထိုစကားများအား ကြားလိုက်ရသည့်အချိန် ကျိချင်းကျိုးနှလုံးသားတစ်ခုလုံး ပျားလဘို့အုံကြီးထဲမှ ပျားရည်တွေ လျှံကျသွားသလို ချိုမြိန်သောရနံ့တွေလှိုင်လှိုင်ထနေပြီး ခံစားချက်တွေက နေရောင်ခြည်လိုလည်း နွေးထွေးနေသေး၏။ထိုစကားများက မှန်မှန် မမှန်မှန် ကျိချင်းကျိုး ကြားဖူးသမျှ အချစ်ပုံပြင်များထဲ အကောင်းဆုံး အချစ်ဇာတ်လမ်းတစ်ခုပါပင်။

“ဒါဖြင့်ခင်ဗျားသိချင်လား။ကျွန်တော်ဘယ်အချိန်က...”

စကားမဆုံးခင် ချူချန်ဆီမှ အနမ်းခံလိုက်ရလေသည်။

ချူချန်က အနမ်းဖြင့် သူ့ကို သတိပေး၏။

“မပြောသေးနဲ့ဦးလေ”

အခုမှပင် ချူချန်က သူရည်စားစကားမပြောမချင်း ကျိချင်းကျိုးဘက်က ချစ်တယ်လို့ ပြန်မပြောရဘူးဆိုသည်ကို ပြော‌ထားကြောင်းသတိရသွားမိသည်။ချူချန်ရဲ့ခေါင်မာမှုကလည်း တစ်မျိုးလေးချစ်ဖို့ကောင်း၏။ဒီအရာလေးကိုတော့ သူဗွေယူမနေပေမယ့် ချူချန်ကတော့မရပေ။အချစ်က ထိုသို့ပင်။အမှန်နဲ့အမှား၊အနိုင်နဲ့အရှုံးကြားမှာ ခြားနားချက်လေးကို မင်းဘယ်လို အဓိပ္ပါယ်ဖွင့်မလဲဆိုတဲ့အရာမျိုး။တစ်စုံတစ်ယောက်ကို ချစ်ရတာက ပန်းလေးတစ်ပွင့်ပွင့်ဖူးလာချိန်ကို စောင့်မျှော်ရသလိုမျိုးပင်။ပန်းလေးပွင့်နိုင်ပြီဆိုတာနဲ့တင် ပျော်ရွှင်မှုအတိဖြစ်နေပြီးသားမို့ ဘယ်လောက်ကြာတဲ့အထိ မင်းပျိုးထောင်ပေးနိုင်မလဲ။ဘယ်လောက်ကြာတဲ့အထိ မင်းစောင့်ပေးနိုင်မလဲဆိုတာကို မင်းတွေးပူလိမ့်မည်မဟုတ်တော့ပါ။

တကယ်ဆို ပန်းလေးက သူပွင့်လန်းလာတဲ့အထိ စောင့်နေပေးဖို့ မင်းကို ဘယ်တော့မှ မတောင်းဆိုဖူးပေမယ့် ပန်းပွင့်တဲ့အချိန်ကို စောင့်ဖို့ တက်တက်ကြွကြွ ရွေးချယ်မှုပြုလိုက်သူက မင်းသာဖြစ်သည်။

ဘာဖြစ်ဖြစ် ချူချန်က သူကောင်းဖို့အတွက်ပဲ အမြဲလုပ်ပေးသည်။သူ့စိတ်အရ ခေါင်းမာမှုဆိုရင်တောင် ဒါကလည်း သူကောင်းဖို့အတွက်ပဲဖြစ်ပါသည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now