{137-1}

3K 585 25
                                    


Unicode

“ခင်ဗျားအိမ်နားက ပန်းခြံလေးမှာရောက်နေတာလေ။ ခင်ဗျားက မတွေ့ချင်ဘူးလုပ်နေတာမလား။အဲ့တော့ ကျွန်တော်ပဲ လာတွေ့ရတာပေါ့”

ချူချန်ဖြင့် ဘာပြောရမှန်းမသိနိုင်စွာဖြစ်နေမိကာ အတော်ကြာမှ စိတ်လှုပ်ရှားစွာဖြင့်

“မင်း အဲ့မှာပဲ စောင့်နေနော်။ကိုယ်အခုချက်ချင်းလာခဲ့မယ်”

သူ ဧည့်ခန်းထဲပြန်ဝင်၍ သော့တွေ ကုတ်အင်္ကျီတွေကို ကမန်းကတန်းသွားယူကာ ချူပါးပါး၊ချူမားမားနှင့်ချူရှင်းတို့ ထိုင်နေသည့်ဘက်ကို လှမ်းကြည့်‌၍ အကျယ်ကြီး အော်ပြောလိုက်သည်။

“ကျွန်တော် အပြင်သွားစရာရှိလို့ အိမ်ပြန်နောက်ကျမယ်နော်”

“ဘာတွေဖြစ်လို့လဲသား။နောက်ကျနေပြီလေ”

“ကုမ္ပဏီကိစ္စပါ။ရုတ်တရက်ကြီး မန့်ရှဲန်းက ဖုန်းဆက်လာလို့ ကျွန်တော်သွားမှရမယ်”

“ဒါဖြင့် အလောတကြီးတွေလုပ်မနေနဲ့။ဖြည်းဖြည်းသွားဦး”

“အမ်း”

ချူချန်တစ်ယောက် အသံလေးပဲပြုကာ တံခါးအပြင်ကို တန်းနေအောင်ပြေးတော့သည်။

သူ့ညီရဲ့ စပ်စလူးပြာလူးနေပုံကိုကြည့်ပြီး ချူရှင်းတစ်ယောက် မနိုင်စွာ ခေါင်းယမ်းလိုက်ချေသည်။

ကျိချင်းကျိုး အကြာကြီးမစောင့်လိုက်ရပါ။ချူချန်ရဲ့ကားကို မြင်လိုက်ရသဖြင့် မတ်တပ်ထရပ်လိုက်မိသည်။ချူချန်ကားရပ်လိုက်ပြီး ကားတံခါးအမြန်ဖွင့်လိုက်ချိန် သိပ်မဝေးသည့်နေရာမှာ ရပ်နေပြီး သူ့ကို ပြုံးကြည့်နေသည့် ကျိချင်းကျိုးကို တွေ့လိုက်ရ၏။

ချူချန်စိတ်ထဲ မယုံနိုင်သလိုခံစားနေရသည်။ဒါပေမယ့် ပျော်ရွှင်မှုကိုတော့ မထိန်းချုပ်လိုက်နိုင်ပါ။ အလောတကြီးခြေလှမ်းတို့ဖြင့် ကျိချင်းကျိုးအား ပြေးဖက်လိုက်တော့သည်။

ကျိချင်းကျိုး၏လည်တိုင်ပေါ် ခေါင်း‌မှေးတင်၍ရယ်နေမိသည်မှာ ရပ်မရတော့။ကျိချင်းကျိုးကလည်း သဘောကျစွာ ပြုံးရယ်လာပြီး သူ့ကို ပြန်ထွေးဖက်လာခဲ့သည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now