{137-2}

2.8K 515 7
                                    

Unicode



ကျိချင်းကျိုးက ဘာစကားမှမပြောဘဲရယ်ကာ သူ့ကိုကြည့်၏။

ချူချန်သည် ရှေ့က လူသားလေးအားကြည့်ရင်း သီချင်းစာအုပ်ဆိုတဲ့ ကဗျာထဲမှ စာကြောင်းကိုတောင် သွားသတိရမိ၏။

"ဝေ့ကျစ်ကြောင့် စား၍ပင်မဝင်နိုင်"

ကျိချင်းကျိုးကထရယ်ပြီး "အဓိပ္ပါယ်မရှိလိုက်တာ"ဟု ဝေဖန်ချက်ပြု၏။

"ညဘက်ကြီး ခင်ဗျားက ဘာစားချင်သေးလို့လဲ? ဝိတ်တက်မှာ မကြောက်ဘူးလား"

"မင်းကိုတဲ့" ချူချန်ကစနောက်ဟန်ဆို၏။

ကျိချင်းကျိုးက စူပုပ်ပုပ်နှင့် သူ့ကိုကြည့်သည်။

"ခင်ဗျားကို တိုင်စာပို့ပစ်မယ်"

ချူချန်က သူ့နှာခေါင်းလေးအား ဖွဖွလေးဆွဲညှစ်ကာ-

"ဒါရိုင်ဘာဖြစ်တဲ့ ကိုယ့်ကို တိုင်လိုက်ရင် မင်းလည်း အလှပြကားလေးပဲဖြစ်သွားမှာကွ"

"ကောင်းတာပေါ့။အခုချိန်ကစပြီး ခင်ဗျား ကျွန်တော့်ကို အလှပဲထိုင်ကြည့်လို့ရမယ်။ထိလို့မရဘူးမှတ်"

"ဒီမှာ ဘေဘီ.... မင်းဒီလိုပဲဆက်ပြောနေလို့ကတော့ ကိုယ်အခုချက်ချင်း မောင်းပစ်ပလိုက်မှာနော်"

"ခင်ဗျားတအားညစ်ပတ်တာပဲ။နှစ်သစ်ကူးကြီးတောင် ကားမောင်ချင်နေသေးတယ်တဲ့။သွားသွား မြန်မြန်လစ်လိုက်တော့"

ချူချန်ကိုယ်ကြီးက သူ့နားဖိကပ်လာကာ နှစ်ကိုယ်ကြားရုံ အသံနိမ့်နိမ့်ဖြင့်ဆိုသည်။

"တစ်နေ့နေ့တစ်ချိန်ချိန်ကျလို့ကတော့ နှစ်သစ်ကူးအတွင်း ကားမောင်းသင့်မမောင်းသင့်ကို မင်းသိအောင် ကိုယ်လုပ်ပြပါဦးမယ်"

ကျိချင်းကျိုး၏နားရွက်လေးများ ရဲတွတ်သွားကာ စကားပင် ပြန်မပြောနိုင်တော့။

ချူချန်က သူ့ပါးမို့ပေါ် ဖိကပ်နမ်းပစ်ရင်း ရယ်ပြသေးသည်။

"ကိုယ်မစတော့ဘူးနော်။ဂွတ်နိုက်ပါ"

"ဂွတ်နိုက်"

ထို့နောက် ချူချန်က သူ့ပါးကို ထပ်ခါထပ်ခါ ဖိနမ်းပြီးမှသာလျှင် ပြန်သွားချေတော့သည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now