{138}

2.8K 477 11
                                    

Unicode


ချန်ယောင်ကျုံးဆိုသူသည် ကျင်းတိုင်းပြည်ရှိ အထူးချွန်ဆုံး စစ်သူကြီး တစ်ယောက်ဖြစ်သည်။သူ့ဘဝမှာ အမျိုးသမီးတစ်ယောက်ကိုသာ ချစ်ခဲ့ပြီး ဘုရင်တစ်ပါး၏ နောက်လိုက်သာလုပ်ခဲ့သည်။နောက် သူချစ်တဲ့ ထိုအမျိုးသမီးလေးက မီးတွင်းထဲမှာပဲ သေဆုံးသွားပြီး သူ့အတွက် သားလေးတစ်ယောက်ထားပေးသွားခဲ့တယ်။အမှောင်မိုက်ဆုံး နေ့ရက်တစ်ရက်ဖြစ်ခဲ့၍ သူ့သားနာမည်ကို ချန်မုယီဟု ခေါ်တွင်လိုက်သည်။ကလေးလေးမွေးပြီးမကြာခင်မှာပဲ သူစစ်တိုက်ထွက်ရ၏။လတ်တလောက ဆူပူအုံကြွမှုတွေဖြစ်နေသောအခြေအနေကြောင့် စစ်သူကြီးတစ်ယောက်အနေဖြင့် အမိမဲ့သားလေး ချန်မုယီကို ချန်ရစ်ကာ လက်ရှိအခြေအနေပေါ်မှာ အချိန်ရော အင်အားပါ အကုန်ပုံအပ်ထားရလေသည်။

ဆယ့်ရှစ်နှစ်ကြာပြီးနောက် ချန်မုယီ အရွယ်ရောက်လာသည်။သူ့ဖခင်နှင့်လည်း တရင်းတနှီးမရှိခဲ့သည့်အတွက် စကားနည်း၍ အေးတိအေးစက်မျက်နှာဖြင့် အပစ်အခတ်လေ့ကျင့်မှုတို့နှင့်သာ အချိန်ကုန်လေ့ရှိ၏။ချန်ယောင်ကျုံးသည် အခက်အခဲနဲ့ရင်ဆိုင်ရမှသာ သူရဲကောင်းဖြစ်လာမည်ဟူ၍ ပြောစမှတ်ပြုသလို ယောင်္ကျားတွေက နိုင်ငံနဲ့မိသားစုတာဝန်ကို ထမ်းဆောင်ဖို့ မွေးဖွားလာကြတာဟု ပြော၏။နိုင်ငံနဲ့လောကတာဝန်က ယောင်္ကျားသားတို့ တာဝန်ပင်။ချန်မုယီဟာ ထိုစကားကို မှတ်ထားပြီး အသက်ဆယ့်ရှစ်နှစ်တည်းက စစ်တပ်ကို ဦးဆောင်ကာ စစ်မြေပြင်ထွက်တိုက်ခိုက်ခဲ့သည်။

သူက ငယ်ရွယ်လှသော်လည်း ထက်မြက်လှသည့် ဦးဆောင်မှုတွေဖြင့် ရန်သူတွေကို ခြေမှုန်းဖို့ စစ်မြေပြင်မှာ အကွက်ကျကျအမိန့်ပေးဦးဆောင်နိုင်ကာ နိုင်ပွဲဆက်ခဲ့သည်။သို့သော် ဘယ်သူမှ မထင်မှတ်ထားလောက်သည်ကတော့ ကျင်းတိုင်းပြည်၏ အကြီးမားဆုံးရန်သူဖြစ်သော ချင် တိုင်းပြည်နှင့် စစ်ပွဲမှာ အနာတရဖြစ်ပြီး အဖမ်းခံလိုက်ရသည့်အပြင် သိပ်မကြာခင်မှာဘဲ နိုင်ငံကို သ‌စ္စာဖောက်၍ ရန်သူတွေအတွက် စစ်မှုထမ်းပေးနေတာကိုပင်။

မိမိသားက ဒီလိုအရာမျိုး လုပ်လိမ့်မည်မထင်မှတ်ထားသည့် ချန်ယောင်ကျုံးမှာ သားဖြစ်သူနဲ့ ထိပ်တိုင်ရင်ဆိုင်လိုင်ရသည့်အချိန်မှ သူ့သားဟာ တကယ်ပဲ နိုင်ငံကို သစ္စာဖောက်သွားတာဖြစ်ကြောင်း လက်ခံလိုက်ရလေသည်။သူဒေါသကြီးစွာဖြင့် ချန်မုယီကို မေးလိုက်သည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now