{138}

2.7K 468 18
                                    

Unicode

“ဒီဇာတ်ကောင်က လုံးဝကျေနပ်စရာကောင်းတာနော်။ဇာတ်ကောင်က စိတ်ထားမြင့်မြတ်ရုံတင်မကဘူး နိုင်ငံတော် သစ္စာဖောက်မှုကြီးကို ကျူးလွန်ပြီးမှ အရင်ကဟာနဲ့ ပြန်ယှဉ်ပြပေးတာနော်။ဇာတ်ကောင်တွေရဲ့ အတွင်းပိုင်းအရှုပ်အထွေးတွေမှာလည်း သရုပ်ဆောင်ရမယ့် အခန်းတွေအများကြီးပဲ။မင်းက ဒီနှစ်ရက်တွင်း ဇာတ်ညွှန်းကြိုဖတ်ထားတော့ ငါကလည်း နှစ်ရက်တွင်း လူရွေးပွဲဖြေဖို့ စီစဉ်လိုက်တာ။လူရွေးပွဲအောင်မှာပါ”

“မျှော်လင့်ရတာပေါ့”

ချူချန် အိမ်ပြန်ရောက်တဲ့ အချိန် အာရုံစူးစိုက်မှုအပြည့်နှင့် ဇာတ်ညွှန်းဖတ်နေသည့် ကျိချင်းကျိုးအားတွေ့လိုက်ရတယ်။သူအရှေ့ဘက်သို့ ကိုယ်တိမ်းညွှတ်လိုက်ပြီး တစ်ချက်ကြည့်လိုက်သည်။

“ ဪ ဇာတ်ညွှန်းအသစ်လား”

“အင်း။လူရွေးပွဲဖြေရမယ့် ဇာတ်ညွှန်းလေ။လူရွေးပွဲအောင်ပါ့မလားမသိပါဘူး”

“မင်းက အရမ်းတော်တာကို အောင်မှာသေချာတယ်” ချူချန်ကတုံ့ဆိုင်းမှုမရှိဘဲချီးကျူးစကားဆိုသည်။

ကျိချင်းကျိုးက ခေါင်းလေးကိုလက်နဲ့ထောက်၍ ချူချန်ကို ပြန်ကြည့်သည်။

“ဒီဇာတ်ညွှန်းက လုံးဝကောင်းတယ်သိလား။ဇာတ်ကောင်တွေလည်း မဆိုးဘူး။ပြီးတော့ ဒါရိုက်တာကလည်း ခန်းယိချန်းတဲ့။ကျွန်တော်  တကယ်ကြီးလက်မလွတ်ချင်ဘူး”

“‌ ကြိုတွေးပြီးပူမနေနဲ့။ မင်းရဲ့သရုပ်ဆောင်စကေးတွေ မတအားကောင်းလွန်းလို့ ဒါရိုက်တာတွေကပါ အများကြီး ချီးကျူးထားကြတဲ့ဟာ။ရှန်းဝမ့်ရှီတောင် သူ့ဇာတ်ကားမှာ မင်းကို သရုပ်ဆောင်စေချင်လို့ စာချုပ်ချုပ်ချင်တာ ယားနေတာပဲလေ။မင်းရကိုရမှာ”

“ဒါဆိုလည်း လူရွေးပွဲအောင်ရင် ညစာလိုက်ကျွေးမယ်နော်”

“အိုကေဗျာ”

ချူချန်က ကျိချင်းကျိုး ဆံပင်လေးများအား ပွတ်သပ်ပေးလာသည်။အကယ်၍ ကျိချင်းကျိုး လူရွေးပွဲမအောင်ခဲ့ဘူးဆိုပါက ကျိချင်းကျိုးအတွက် နောက်ထပ် အခွင့်အ‌ရေးများ ပေးနိုင်မလားဆိုပြီး ဒါရိုက်တာကို သွားတွေ့ကြည့်ဦးမှာဖြစ်သည်။ကျိချင်းကျိုး သဘောကျသည့် ဇာတ်ကောင်က ရှားရှားပါးပါးရယ်မို့ဖြစ်နိုင်ရင် ချူချန်က ကျိချင်းကျိုးအား ဒီဇာတ်ကားမှာ သရုပ်ဆောင်ခွင့်ရစေချင်ပါ၏။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now