{139}

3K 513 39
                                    


Unicode

အဲ့လိုကြောင့်ကြီးရယ်တော့ မဟုတ်ပါဘူး။ကျိချင်းကျိုး ကျိုးချန်ဖုန်းကို လှမ်းကြည့်လိုက်ပြီး သူ ဒီဇာတ်ကားမှာ သရုပ်ဆောင်ချင်ရတဲ့ နောက်ထပ် အကြောင်းရင်းက ဆုရချင်လို့ပါဆိုတဲ့အကြောင်းကိုပြောဖို့ထိတော့မဝံ့ရဲပါ။ဆုရမှသာ ချူချန်နဲ့ public ရှေ့ချပြနိုင်မှာဖြစ်ပြီး ချူချန်မိဘတွေနဲ့လည်း တွေ့နိုင်မှာဖြစ်သည်။ချူချန်ကို အကြာကြီး စောင့်မနေစေ‌ချင်သော စိတ်ဖြင့် ဒီနောက်ဆုံးသော အခွင့်အရေးအား လက်မလွှတ်လိုက်ချင်ပေ။
 
သူပြုံးပြီး ဘာမှ မပြောဘဲနေတော့ ကျိုးချန်ဖုန်းက သူပြောတာမှန်တယ်ထင်ပြီး ဘာမေးခွန်းမှ ထပ်မမေးတော့ချေ။

ရက်အနည်းငယ်အတွင်း ကျိုးချန်ဖုန်းက ဖုန်းကောလ်တစ်ခုလက်ခံရရှိပြီး ကျိချင်းကျိုး လူရွေးပွဲအောင်တဲ့အကြောင်းပြောလာကာ ဇာတ်ညွှန်းကိုလည်း မေးလ်ကနေ ပို့ပေးလာသည်။ရိုက်ကူးရေးမစခင်ကျိချင်းကျိုး ဇာတ်ညွှန်းနဲ့ ရင်းနှီးသွားဖို့ သူမျှော်လင့်မိတယ် ။ ကျိုးချန်ဖုန်းလည်း သဘောတူညီချက်တွေ အကုန်လုပ်ပြီးနောက် တစ်ဖက်မှလူနဲ့ သာကြောင်းမာကြောင်း ဖလှယ်ပြီးနောက် ဖုန်းချကာ ကျိချင်းကျိုးထံသတင်းပို့လိုက်သည်။

သတင်းကြားပြီးနောက် ကျိချင်းကျိုးက စိတ်လှုပ်ရှားစွာဖြင့် ချူချန်ဆီ ဖုန်းခေါ်ပြောလိုက်ပြီး ညဘက် အပြင်မှာ ထွက်စားကြမယ်လို့ ပြောလိုက်သည်။

ချူချန်လက်ခံလိုက်ပြီး အလုပ်တွေ မြန်မြန်လက်စသတ်၍ ဖယောင်းတိုင်မီးလေးတွေထိန်ညီးနေမည့် ရိုမန့်တစ်ညစာစားပွဲလေးသို့ သူနဲ့အတူ ချီတက်ခဲ့ကြသည်။

ညရောက်တော့ ကျိချင်းကျိုးနဲ့ချူချန်တို့ တစ်ကြိမ်လုပ်ခဲ့၏။ကျိချင်းကျိုးမှာ ပျော်လွန်းလို့ သူတို့လုပ်ပြီးသွားတာတောင် မအိပ်ချင်ဖြစ်နေသည်။ချူချန်လက်မောင်းပေါ် ခေါင်းအုံးပြီး ဒီဇာတ်ကားမှာ သူဆုရနိုင်ခဲ့ရင် သူတို့အကြောင်း လူထုဆီ ချပြတော့မည်ဟု ပြောပြချင်သည်။ဒါပေမယ့် အဲ့အချိန်ကျမှ ဆုမရတော့ရင်ဆိုပြီး ကြောက်စိတ်ဖြင့် ချူချန်မျှော်လင့်ချက်ကို ရိုက်ချိုးမိမှာ ကြောက်မိသည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now