{140}

3.1K 524 11
                                    

Unicode




ငုံးကောင်လေးလိုမျိုး ရုတ်တရက်ကြီး အသံတိတ်ဆိတ်သွားသူကြောင့် ချူချန်မှာ ဘာများဖြစ်တာလဲဆိုပြီး အတွေးများနေပေမယ့် ခုနသူပြောလိုက်သည့်စကားကို ပြန်တွေးကြည့်မိမှပဲ သဘောပေါက်ချေသည်။

“မင်းရှက်သွားတာလား?”

“မဟုတ်ပါဘူး” ကျိချင်းကျိုးက ဘူးခံလျက်။

“ကိုယ်အရင်ကရော မိန်းမလိုခေါ်ခဲ့ဖူးလားမသိဘူးနော်။ကိုယ်ခေါ်ခဲ့ဖူးလား”

ကျိချင်းကျိုးက သူ့ပါးစပ်အား လက်နဲ့လှမ်းအုပ်ကာ-

“မောင်းစမ်းပါ”

ချူချန်က သူ့လက်ဖဝါးကို လျှာနဲ့လျှက်၏။ ကျိချင်းကျိုး ချက်ချင်းပဲ လက်ပြန်ရုတ်လိုက်ကာ ချူချန်ကို မကျေမနပ်ကြည့်ပေးလိုက်သည်။

ချူချန်က တဟားဟားရယ်ကာ သူ့ပါးတွေ ဖောင်းတက်လာ‌တော့မှ စနောက်နေခြင်းကို ရပ်၍ ကားစထွက်သည်။

ကျိချင်းကျိုးကတော့ သူခုနလျှက်သွားသည့်လက်အား ဖိကိုင်းရင်း လက်ဖဝါးတစ်ပြင်လုံး အလွန်အမင်းကို ပူလောင်နေတော့သည်။

ချူချန်မှာ ကျိချင်းကျိုးအား တစ်ချက်တစ်ချက်မသိမသာလေးကြည့်နေရင်း ကိုယ့်ချစ်သူကိုယ် ချစ်စရာလေးဆိုပြီး တွေးမိတယ်။ဘယ်နှယ့်...ဒီထက်ရင်းနှီးမှုပြုတဲ့အချိန်တွေကျရင် သူကပိုပြီး နွေးထွေးစွာဖြင့် ပွင့်လင်းမှုရှိသော်လည်း အခုလို အသေးအဖွဲ့လေးတွေကြောင့်လည်း သူကသာ ရှက်နေပြန်၏။တကယ် စိတ်ဝင်စားချင်စရာလေး။

မီးပွိုင့်မိ၍ ချူချန်ကားရပ်လိုက်ကာ ကားမှန်လေးကို မှီ၍ အပြင်ဘက်မှ ညအလှတွေကို ငေးနေသည့် ကျိချင်းကျိုးအားမြင်သည်နှင့် အရှေ့တိုး၍ ဖွဖွလေးနမ်းပေးလိုက်သည်။

ကျိချင်းကျိုးက တအံ့တဩလေးခေါင်းလှည့်လာချိန် ချူချန်နှုတ်ခမ်းနဲ့ သူ့နှုတ်ခမ်းတို့ ပွတ်တိုက်မိသွားလေသည်။ချူချန်ကလည်း  အမိအရဘဲ သူ့ကို ဖက်ကာ မီးနီနေချိန်လေး နမ်းရှိုက်လေတော့သည်။ ထို့နောက် နူးညံ့ညင်သာလှသည့် အသံဖြင့်-

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now