{141}

2.6K 533 51
                                    

Unicode

ကျိချင်းကျိုး စိတ်မရှည်စွာ ရှန်းဝမ့်ရှီကို ကြည့်၍ ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။

“ခင်ဗျားက အရမ်းစိတ်အနှောင့်ယှက်ဖြစ်ဖို့ကောင်းတာပဲ”

သူ့မျက်လုံးထဲက စိတ်မရှည်မှုတွေကြောင့် ရှန်းဝမ့်ရှီ နေရခက်သွားကာ
“ဒါဖြင့် မင်းလုပ်စရာရှိတာလုပ်ပါ။ငါ ဒါရိုက်တာခန်းကို သွားတွေ့လိုက်ဦးမယ်။နောက်မှဆက်ပြောကြတာပေါ့”

ထိုစကားဆိုပြီးနောက်ထပ်အနှောင့်ယှက်မပေးတော့ဘဲ ဒါရိုက်တာခန်းရှိတဲ့နေရာဆီ လှည့်လျှောက်သွားသည်။

စကား‌မပြောချင်လောက်အောင် စိတ်တိုနေသည့် ကျိချင်းကျိုးလည်း သူထွက်သွားတာနဲ့ သိုင်းကွက်တွေ ပြန်လေ့ကျင့်နေလိုက်တော့သည်။

ရှန်းဝမ့်ရှီလာတာကို မြင်တော့ ခန်းယိချန်းက အံ့အားသင့်စွာပင်

“မင်းဒီကို ရောက် နေတာပေါ့!”

“လာလည်တာလေ။အန်ကယ်ခန်းဒီမှာရှိတယ်လို့ကြားတာနဲ့လာတွေ့တာ။”

“ကောင်း‌တယ်ကောင်းတယ်”

“မေလတောင်ရောက်ပြီ။မနှစ်ကလည်း ဇာတ်ကားသစ်လေးမဖွင့်ပြခဲ့ဘူး။ ဒီနှစ်လည်း မပြတော့ဘူးလားကွ” ခန်းယိချန်းကစတယ်။

“ဒီလိုပဲ”

ရှန်းဝမ့်ရှီကာ တည်ငြိမ်လွန်းစွာ။

“လတ်တလောရိုက်စရာလည်း မရှိတာနဲ့ပါ”

ခန်းယိချန်းက ခေါင်းတညိမ့်ညိမ့်လုပ်နေသည်။ရှန်းဝမ့်ရှီကတော့ သူ့ရှေ့စခရင်ထက်မှ ကျိချင်းကျိုးနဲ့ချီဟွမ်ကြားက ဇာတ်ဝင်ခန်းကိုကြည့်နေ၏။ကျိချင်းကျိုးကအလွန်သရုပ်ဆောင်ကောင်းသည်။မင်းသားကြီးနဲ့ သရုပ်ဆောင်ရလို့မဖိနှိပ်ခံထားရရုံသာမက ဆန့်ကျင်ဘက်အနေနဲ့ ချီဟွမ်လို သရုပ်ဆောင်မင်းသားကြီးနဲ့တောင် တွဲဖက်ညီညီသရုပ်ဆောင်နေတာများ လူတိုင်းကိူ သားအဖရင်းလိုမျိုး ခံစားချက်ပေးစွမ်းနိုင်သည်။

“မဆိုးဘူး” ခန်းယိချန်းကထပြောသည်။

“ဒီကလေးက တက်ကြွမှုအပြည့်ပဲ။ငါသူ့အကြောင်း ပြန်ဖတ်လိုက်တော့ ပွဲဦးထွက်ထားတာ နှစ်ဝက်ပဲရှိသေးတယ်တဲ့။ဒါမျိုးအလွန်ရှားသွားပြီ”

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now