{142}

2.8K 530 35
                                    

Unicode

“မင်းပိန်သွားလိုက်တာ?”

ကျိချင်းကျိုးမှာတော့ ကိုယ့်ကိုကိုယ် ပိန်တယ်ဟုမထင်ပါ။

“လေ့ကျင့်ခန်းတွေအများကြီးလုပ်ရလို့ဖြစ်မယ်။ဟိုဘက်မှာသွားရပ်ပေးဦး။လုပ်ပြစရာရှိလို့”

ကျိချင်းကျိုးက သူ့ဓားရှည်အား ယူ၍ ချူချန်ရှေ့မှာ လေ့ကျင့်ပြလေသည်။
ချူချန်မယ် ရှပ်အင်ကျီအဖြူလက်တိုလေးနှင့် ဓားရှည်တစ်ချောင်းကိုင်ဆွဲထားသည့် ကောင်လေးအားကြည့်ကာ မှင်တက်နေမိလျက်။

ကျိချင်းကျိုးက စိတ်လှုပ်ရှားနေဟန်ပါ။

“ဒါရိုက်တာကြီးနဲ့ပြောပြီးပြီ။ဇာတ်ကားပြီးရင် ဒီဓားက ကျွန်တော့်အပိုင်တဲ့။အိမ်ယူသွားပြီး သိမ်းထားရမယ်။ဘယ်သူ အနိုင်ကျင့်ရဲလဲ။အနိုင့်ကျင့်တဲ့သူကို ဒီဓားမြည်းခိုင်းလိုက်မယ်”

သဘောကျသွားသည့် ချူချန်က လက်ခုပ်တဖြောင်းဖြောင်းတီးကာ

“အကြံကောင်းပဲ! ပြီးရင် ကိုယ်ကလည်း နံချပ်ကူပေးမို့။မင်းသွားလေရာယူသွားချည်။ဒါမှ လာပြီး အနိုင့်ကျင့်ရဲလို့ကတော့ အဲ့တုတ်နဲ့ သွားကျွတ်သွားတဲ့ထိ မိတ်ဆက်ပေးလိုက်!”

{*Bruce Lee ကိုင်တဲ့ နံချပ်ကူပါပျိုမေတို့။သွားခိုင်ကြရဲ့လား😂}

“အွန်း!” ကျိချင်းကျိုးက ရယ်မောလာသည်။

ချူချန်ကတော့ ကောင်လေးရဲ့ ဂုဏ်မောက်နေတဲ့ မျက်နှာလေးကိုကြည့်၍ အသဲယားစွာဖြင့် ပါးလေးကို ဖြစ်ညှစ်လိုက်တယ်။
ဒီလိုလေးနေလည်း ချစ်ဖို့ကောင်းတာပဲ!

သူရိုက်ကွင်းမှာ သုံးလေးရက်လောက် နေပြီး ဒါရိုက်တာခန်းရော ချီဟွမ်ကပါကျိချင်းကျိုးကို ဝိုင်းဂရုစိုက်ပေးကြောင်း တွေ့ရသဖြင့် စိတ်အေးလက်အေး ပြန်သွားသည်။

မပြန်ခင်လေး ကျိချင်းကျိုးကို မေးသွား၏။

“ရှန်းဝမ့်ရှီ လာရှာသေးလား?”

“အခုတလောတော့ မရှာပါဘူး။သူလာရှာရင် ခင်ဗျားကို ပြောမယ်လေ”

“အွန်း။ဒါဆို ဇာတ်ကားကောင်းကောင်းရိုက်လို့ရသွားတာပေါ့။ကိစ္စရှိရင် ကိုယ့်ကို ဖုန်းဆက်နော်။အစားလည်း များများစားဦး”

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now