{143}

2.4K 454 13
                                    

Unicode



အေးဂျင့်က သိလိုစွာ-

“ဘာဖြစ်သွားလို့လဲ?”

ချီဟွမ်က ဖြစ်သမျှအကုန် ပြောပြလိုက်ပြီး ဖုန်းယူ၍ ကျိချင်းကျိုးနဲ့အတူရိုက်ထားသည့်ပုံနဲ့အတူ စကားလုံးတစ်ချို့ပါရေး၍ Weiboမှာ တင်လိုက်တယ်။

[သစ္စာရှိတဲ့ကောင်လေး။ဒီကောင်လေးနဲ့အတူ သရုပ်ဆောင်ရတာက ငါ့ကို ငယ်ရွယ်နုပျိုသွားစေတယ်။ကျိချင်းကျိုးကအားလည်းသိပ်မသန်ဘူး။သူလေ့ကျင့်ခန်းလုပ်ဖို့ လိုသေးတယ်]

ကျိချင်းကျိုးက သူ့ပို့စ်ကို အမြန်အဆန် forward လိုက်တယ်။

[ချီကော စောင့်ကြည့်ပေးလို့ ကျေးဇူးပါ! ကျွန်တော် ကြိုးစားသွားပါ့မယ်!]

ကျိချင်းကျိုး၏ပရိတ်သတ်တွေက ချီ‌ဟွမ်၏ပို့စ်အား တွေ့သည်နှင့် အလျင်အမြန် စခရင်ရှော့ခ်ရိုက်ကာ ကျိချင်းကျိုးနဲ့ချီဟွမ်က အစေးမကပ်ဘူးဟု ပြောနေကြသည့်လူတွေဆီ ပို့လိုက်သည်။သူတို့ဆက်ဆံရေးက အရမ်းကောင်းတာနော်! ကျိချင်းကျိုးက အားသိပ်မသန်ဘူးလို့တောင် ချီဟွမ်ကပြောနေတာ ဘယ်လိုလုပ် ကန်ချတာဖြစ်နိုင်ပါ့မလဲ? အဲ့တုန်းက မြင်းတစ်ခုခုဖြစ်နေတာဖြစ်ရမယ်!

အတန်းအသင့်ကျိုးကြောင်းဆက်စပ်တွေးနိုင်သူတစ်ချို့ကလည်း ကျိချင်းကျိုးဟာ အဲ့လို လက်လွတ်စပယ် ပြုလုပ်တတ်သူမဟုတ်မှန်းခံစားမိနေကြတယ်။ဒါ့ပြင် ချီဟွမ်ပို့စ်ကို ဖတ်ခြင်းအားဖြင့် ကျိချင်းကျိုးကို သူသဘောကျနေတာက ဒီလောက် ပေါ်လွင်နေတဲ့ဟာ။အကယ်၍ ကျိချင်းကျိုးကသာ ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာဆို ချီဟွမ်ကူညီပါ့မလား?

[မတော်တဆဖြစ်သွားတာနေမယ်။ဒီကိစ္စက ကျိချင်းကျိုးနဲ့ဘာမှမသက်ဆိုင်ကြောင်း ချီဟွမ်က ပွင့်ပွင့်လင်းလင်း တင်လိုက်ပြီဟာကို တကယ်ကြီးသာ ကျိချင်းကျိုးနဲ့ ပတ်သက်နေရင် ချီဟွမ်ရဲ့စိတ်နေစိတ်ထားနဲ့ ဒီလိုပို့စ်မျိုးတင်ပါ့မလား?]

[အေးလေ။သူဒီလို အချိန်မီ ပို့စ်တင်လိုက်တဲ့အပြုအမူက သတင်းမှားတွေ ပျောက်အောင်လုပ်ပြီး ကျိချင်းကျိုးကို ကူညီချင်နေတာ အသိအသာကြီးရယ်]

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now