{144}

2.5K 433 17
                                    

Unicode

ကျိချင်းကျိုးက တုံ့ဆိုင်းစွာ အမေးစကားဆိုသည်။

“မင်းမှာ ရိုးရိုးဂျင်းတွေရောပါလာလား?”

“အရမ်းပူတယ်လေ။ဂျင်းတွေ မဝတ်ချင်ပါဘူး”

“ဒါဆို မင်းပြောတဲ့ ဘောင်းဘီတွေဆိုတာက”

“စကတ်ပန့်လေးတွေနဲ့ အတိုတွေလေ”

“အတိုတွေဝယ်မယ်”

“မင်းလယ်လုပ်မှာကို စကတ်ဝတ်ရင် မင်းမှာ သာမာန်အသိလေးတောင်မရှိဘူးဆိုဘူး အင်တာနက်သုံးတဲ့သူတွေပြောကုန်ကြမယ်လေ”ကျိချင်းကျိုးက အကြံပြုသည်။

ယွီအန်းက မကေျမနပ်ဖြစ်ကာ-

“ငါအလုပ်ကောင်းကောင်းလုပ်ဖို့ပဲလိုတာပါနော်”

“ဒါဖြင့် ကံကောင်းပါစေ”

“စိတ်မပူနဲ့။ဘာပြဿနာမှမရှိဘူး”

ချူချန်က ပြောစရာမဲ့သလိုမျိုး မိုးပေါ် မော့ကြည့်လိုက်သည်။

ဘာပြဿနာမှ မရှိဘူးဟုတ်လား? ဒါကပဲ ပြဿနာကြီးမဟုတ်ဘူးလားဟမ်?မိန်းကလေးယွီအန်းယီစိတ်ထဲမှာ သူမကို စောင့်နေတာဘာအလုပ်လို့ ထင်နေတာလဲ? ဒီမိန်းကလေး သူမဘာလုပ်နေမှန်းသဘောမပေါက်ဘူးပဲ။

သူတို့ဟိုတယ်ရောက်တဲ့အချိန် လျန်ကျင်းရှင်ကတော့ ရောက်နှင့်နေလေပြီ။သူတို့လာတာမြင်တော့ သူက လာထွက်ကြိုပြီး အခန်းကဒ်တွေ အလှည့်ကျပေးသည်။

“ငါက ဒီရှိုးပွဲစီစဉ်သူတွေထဲက တစ်ယောက်ဆိုတာ တစ်ခြားသူတွေကို မပြောနဲ့နော်။မင်းတို့နဲ့ယွမ်ပိုင်ကလွဲလို့ ဘယ်သူမှ သိသေးတာမဟုတ်ဘူး။မင်းတို့လို ရှိုးပွဲလာတဲ့ ဧည့်သည်တစ်ယောက်လို့ဘဲ တွေးပေး”

“ဘာလဲ တစ်ခြားလူတွေ သိသွားရင် ရှင်နဲ့ အတူတွဲရတာနဲ့ကိုးရိုးကားယားတွေဖြစ်ကုန်မှာ စိုးလို့လား” ယွီအန်းယီမေးလိုက်သည်။

“တော်တယ်” လျန်ကျင်းရှင်က ချီးကျူးလေသည်။

“စိတ်မပူပါနဲ့။ဒီမှာရှိတဲ့လူတွေအကုန်လုံးက ဉာဏ်ကောင်းတယ်။ဘာမှပြောမှာမဟုတ်ဘူး”

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now