{145}

2.1K 405 9
                                    


Unicode

တင်ဆက်သူက သူတို့ကိုကြည့်၍

“မင်းတို့တွေအားလုံးအိမ်ရွေးရမှာဆိုတော့ကာ အိမ်နဲ့ဆိုင်တဲ့ ကဗျာလေးအရင်ရွတ်ပြကြရမယ်ဆိုရင် ဘယ်လိုလဲ? လက်တွေ့ဆန်ရမယ်။နန်းတော်လိုဖြစ်ဖြစ် စိတ်ကူးယဉ်ဆန်တာဖြစ်ဖြစ် ရှေးခေတ်ကဗျာပဲဖြစ်ဖြစ် သီချင်းပဲဖြစ်ဖြစ် အကုန်အဆင်‌ ပြေတယ်ဗျာ။ပထမဆုံး ကဗျာရွတ်ပြနိုင်တဲ့သူက အိမ်အရင်ရွေးခွင့်ရမယ်”

ချူချန်က ထိုစကားကြားတာနဲ့ ပါးစပ်ဖွင့်၍ ကဗျာတစ်ပုဒ်ကို စတင်ရွတ်ဆိုပြလေသည်။
“ဩဂုတ်ရဲ့ဆောင်းလဝယ်...ကျွန်ုပ်အိမ်၌ လေပြင်းတဟူးဟူးရယ်ဖြင့် မြက်ခင်းစိမ်းသုံးလွှာပြင်ကို လူးကာလွန့်စေခဲ့။မောက်ဖေးက ယန်ဇီမြစ်ဖျားကို ဖြတ်လို့ ...”

တင်ဆက်သူက ကြောင်ကာနားထောင်နေပြီး ကဗျာရွတ်ဆိုနေဆဲ သူ့ကို မြင်ကာမှ အသိဝင်လာကာ အလျင်အမြန် ဖြတ်ပြောလေသည်။

“ရပြီ ရပြီ။ တစ်ကြောင်းလောက်ရွတ်ရုံပဲ။ကဗျာတစ်ခုလုံး ရွတ်ပြစရာမလိုပါဘူး”

အဲ့လောက်လွယ်မယ်လို့ ချူချန်မထင်ထားပါ။

“ဒါပြီးရင်  အိမ်အရင်ဆုံးရွေးလို့ရပြီပေါ့။အဲ့လိုလား?”

“ဟုတ်ပါတယ်။အခုတော့ သွားနားလို့ရပါပြီ”

“အွန်း”

ချူချန်က ကျိချင်းကျိုးဆီ ပြန်လျှောက်လာရင်း ပခုံးတွန့်ပြသည်။

“လွယ်လွယ်လေးနော်? နောက်မေးခွန်းတွေ မရှိတော့ဘူးလား?”

“ခင်ဗျားကမြန်မြန်ကြီး တုံ့ပြန်လိုက်တာကြောင့်ပါ။တင်ဆက်သူစကားဆုံးဆုံးချင်း ကဗျာစရွတ်လိုက်တော့ ဘယ်သူမှ တုံ့ပြန်ချိန်တောင် မရလိုက်ကြဘူးလေ”  ကျိချင်းကျိုးကသူ့ကိုကြည့်ပြောသည်။

“တုံ့ပြန်ဖို့ အချိန်လိုသေးတယ်လား?”

ချူချန်က စဉ်းစားရကျပ်ဟန်ဖြင့်-

“ကိုယ့်အကျင့်အရပဲလေ။ ကိုယ်တို့ ရိုက်ကူးရေးလုပ်နေတာဆိုပြီးသာ တွေးပူမနေရင် သူ့စကားမဆုံးခင် ကိုယ်စဖြေပြီးလိုက်ပြီနော်”

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now