အဆက်

1.9K 361 4
                                    

Unicode



သူတို့အိမ်ကသိပ်မဝေးလှပါ။နည်းနည်းလောက် လမ်းလျှောက်ပြီးသည်နှင့် 3 ဟုရေးထားသည့်မြှားလေးကို မြင်လိုက်ရတယ်။ကျိချင်းကျိုးတို့ မြှားတန်းလေးတိုင်း ဆက်လျှောက်သွားရာ အဆုံး၌ နှစ်ယောက်လုံး တောင့်ခဲသွားရသည်။

သူခေါင်းလှည့်၍ ချူချန်အား မယုံကြည်နိုင်စွာ ကြည့်ပေးလိုက်တယ်။

“ဒါ....ဒါက ကျွန်တော်တို့ အိမ်လား?”

ချူချန်လည်း မယုံနိုင်ဖြစ်နေတာပါ။သူ့ရှေ့က ပွင့်နေသည့် သစ်သားတံခါးလေးကိုကြည့်ပြီးလေ။ခြံဝန်းလေးထဲမှာတော့သစ်တော်သီးလေးရှိနေပြီး သုံရက်ကြာနေရမယ့် အိမ်လေးကို မြင်လိုက်ရသည်။ တကယ်အိမ်လေးဆိုရုံသာ...

“ကိုယ်အခုဘာပြောတော့မလဲ မင်းသိလား?” ချူချန်က တည်ကြည်လွန်းစွာပြောသည်။

ကျိချင်းကျိုးကတော့ သူ့ကိုမော့ကြည့်လို့။

“<ဆောင်းလေတိုက်လို့ ပြိုပျက်သွားတဲ့ သက်ငယ်မိုးတစ်ထပ်အိမ်လေး> ဆိုတာကိုမရွတ်ခင် အချိန်ကို ပြန်သွားချင်တယ်ဆိုပြီးလေ။ကိုယ့်ကိုကိုယ် ရွာသားလေးဖြစ်ပြီလို့ ထင်ခဲ့ပေမယ့် ကိုယ်သာ နမိတ်ဖတ်သူကြီးဖြစ်နေမှန်းသိခဲ့ရင်လေ <ပထမထပ်သို့ခြေငါးလှမ်း...ပွဲကြည့်သို့ ခြေဆယ်လှမ်း> ဆိုတာကို ရွတ်ခဲ့မိလိမ့်မယ်။ကော်ရစ်တာတွေက လူးလားခေါက်ပြန်နဲ့ တံဆက်မြိတ်နဲ့အသွားက နမ်းမိတော့မတတ်မြင့်နေတာများ မြေကြီးနဲ့ ဖတ်မိတော့မလိုဖြစ်နေပြီးအချင်းချင်းထသတ်ကြတော့မလိုဘဲ။စပါးကျီကိုလည်း ရစ်ထားလိုက်တာဆိုတာ ပျားအုံရဲ့ရေဝဲလိုပဲ။သူတို့ ဘယ်လောက်တောင် ဆယ်မီလီယံနဲ့ချီပြီး ကုန်သွားလဲ ကိုယ်မသိတော့ဘူး....”

အိမ်အခြေအနေကြောင့် အံ့ဩနေတဲ့ ကျိချင်းကျိုးပါ အခုတော့ ရယ်နေရလေသည်။

“ခင်ဗျားတွေးလိုက်တာကလဲ? ခင်ဗျားက ရှီအန်းရဲ့အာ့ဖန်းနန်းတော်ကြီးနဲ့မှ နေချင်နေသလိုပဲ။အခုချိန် ခင်ဗျားရဲ့ဘဝမှာ တုဖူရဲ့နေထိုင်မှုအလေ့အကျင့်အတွေ့အကြုံတွေရလို့  ခင်ဗျားအတွက်တော့ ဂုဏ်ယူစရာတစ်ခုပဲ ဆိုပြီး တွေးသင့်တာ။ဒီအိမ်က ခင်ဗျားရဲ့ တီထွင်ဖန်တီးမှုတွေကို လှုံ့ဆော်ပေးနိုင်ရင်ပေးနိုင်မှာပေါ့။မဟုတ်ဘူးလား?”

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now