{146}

2.4K 406 3
                                    

Unicode

“ဘယ်အချိန်ရှိပြီလဲ?” ကျိချင်းကျိုး မေးလိုက်သည်။

ထိုစကားကြားတော့ ချူချန်က ကင်မရာသမားကို ကြည့်လိုက်၏။

ကင်မရာသမားက သူ့နာရီကို အကူအညီမဲ့စွာဖြင့် ငုံ့ကြည့်ရင်း “၁၀:၄၀” ဟု ပြန်ဖြေလေသည်။

“ရသေးတာပဲ။အိပ်ရာအရင် သန့်ရှင်းပြီးမှ ဟိုကို သွားကြတာပေါ့”

ရိုက်ကူးရေးအဖွဲ့ကပေးထားသည့် ‌စောင်တွေ ခေါင်းအုံးတွေကို ကျိချင်းကျိုး ယူ၍ အိပ်ရာဆီသွားလိုက်သည်။

“လာ...သခင်လေး... အိပ်ရာဘယ်လိုခင်းရမလဲဆိုတာ ကျွန်တော်ဒီနေ့ပဲ ခင်ဗျားကို သင်ပေးလိုက်မယ်”

ချူချန်က သူ့ကိုကြည့်ပြီး စိတ်မပါလက်မပါနဲ့ အနားလျှောက်လာကာ ကျိချင်းကျိုးပေးတဲ့ စောင်တွေကို ယူလိုက်သည်။
ဒါက သူ့အတွက် <ဒယ်ဒီဘယ်သွားမလို့လဲ> မဟုတ်ဘဲ <Metamorphosis [ပုံသဏ္ဍာန်ဆင့်ကဲပြောင်းလဲခြင်း] > ဖြစ်နေပြီ!

အရင်က အိမ်အလုပ်တွေ မလုပ်ဖူးပါသော်လည်း သူ့လက်တွေ့လုပ်နိုင်စွမ်းက အရမ်းတော်သည်။ခဏကြာတော့ နှစ်ယောက်လုံး အိပ်ရာခင်းလို့ ပြီးသွား၏။

ကျိချင်းကျိုးသည် ခေါင်မိုးအပေါက်အားကြည့်ကာ ပျဉ်ရိုက်ရန် ခေါင်မိုးပေါ်တက်ဖို့ပြင်သည်။

“ကိုယ်တို့ပြန်လာမှလုပ်မယ်လေ”

“အခုက အလျင်စလိုဖြစ်နေတဲ့ဟာကို။ကိုယ်တို့နောက်ကျရင် အပြစ်ပေးခံရဦးမယ်”

“အမ်း”
ကျိချင်းကျိုးသည် ကင်မရာသမားအား အချိန်ထပ်ကြည့်ခိုင်းလိုက်ပြီးနောက် သူတို့မှာ အချိန်ရှိသေးသဖြင့် ချူချန်နဲ့အတူ အေးအေးဆေးဆေးလေး အိမ်ပြင်ထွက်လာပြီး ရိုက်ကူးရေးလုပ်မည့်နေရာဆီသွားကြသည်။ချူချန်သည် ခြံထဲမှ သစ်သီးတွေဝေဆာနေသည့် သစ်တော်သီးပင်အားကြည့်ကာသူ့ကို မေးသည်။

“သစ်တော်သီးစားချင်လား?”

“ကျွန်တော်တို့ ခူးစားလို့ရလား?” ကျိချင်းကျိုးက ကင်မရာသမားကို မေး၏။

“ရတယ်”

“ပြီးလို့ ပြန်လာမှ အရသာခံကြည့်ရမယ်။အခုတော့ ရေသွားသယ်ကြရဦးမယ်လေ။နည်းနည်းတောင် ကြာနေပြီ”

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now