[147]

1.8K 359 5
                                    

Unicode


သူအဲ့လို ပြောပြီးပြီးချင်း လီယိမင်နဲ့ ကျန်ကျားရွေ့က အသေရယ်တော့သည်။

ရန်ကျန်းကလည်း လိုက်ရယ်လေသည်။

“ဟုတ်ပ။တို့က ဒီတိုင်းပြောလိုက်တာပါ။အန်းယီ စိတ်ထဲမထားနဲ့နော်”

ယွီအန်းယီက ကင်မရာတွေရှိနေ၍ သတိထားပြီး ပြန်မချေပလိုက်ပေ။ ထိုအစားတုံ့ပြန်မှုပေးတဲ့အနေနဲ့  မျက်နှာတွန့်သွားသည်ဆိုရုံ ပြုံးပြပြီး ခေါင်းလှည့်ပလိုက်သည်။

ချူချန်နဲ့လျန်ကျင်းရှင်က စကားတစ်ခွန်းမှဝင်မပြောဘဲ မတုန်မလှုပ်ဖြင့် ရန်ကျန်းကို အကြည့်ပို့လိုက်ကြသည်။

ရေသယ်ရတာက အားထုတ်မှု များစွာလိုအပ်သည့် တာဝန်တစ်ခုပင်။အထူးသဖြင့် ရိုက်ကူးရေးအဖွဲ့ပေးတဲ့ ပုံးတွေက ရွာသားတွေသုံးတဲ့ပုံးတွေဖြစ်သည်။ပုံတွေက ထူထူမာမာကြီးတွေဖြစ်သည်။လျှို့ကျစ်ထုန်မှာ ပထမဆုံးရေအပြည့်ဖြည့်လိုက်ပြီးနောက် အဲ့ပုံးတွေကို သူ(မ)လုံးလုံးမ,မ နိုင်တော့ချေ။

“မ,မနိုင်တော့ဘူး! မနိုင်တော့ဘူး! အရမ်းလေးတာဘဲ!”

လျှို့ကျစ်ရှင်းက သူ့(မ)ကို အကြံပေးသည်။

“ရေတွင်းထဲကို ရေနည်းနည်းပြန်လောင်းချလိုက်ဦး”

လျှို့ကျစ်ထုန်တစ်ယောက် ခဏခဏခဏပေါင်းများစွာ ရေသွန်ချပြီးမှပဲ နောက်ဆုံး  ရေသုံးပုံပုံ တစ်ပုံသာကျန်တော့သည့် ရေနှစ်ပုံးကိုကောက်မနိုင်တော့သည်။

သူတို့ထဲ လျှို့ကျစ်ရှင်းက ပိုသန်မာတယ်ပြောရမယ် အားသိပ်စိုက်စရာမလိုဘဲ ရေနှစ်ပုံးလုံးကိုနှုတ်ခမ်းပြည့်ဖြည့်ကာ မတင်နိုင်သည်။

ကျိချင်းကျိုး အလှည့်မှာတော့ ရေဖြည့်ပြီးချိန် ရေပုံးနှစ်ပုံးလုံးက သူထင်ထားတာထက် ပိုလေးနေကြောင်း သိလိုက်ရသည်။

ချူချန်မေးလိုက်၏။

“ရလား”

“ကိစ္စမရှိဘူး” ကျိချင်းကျိုးက တည်ကြည်လေးနက်စွာကြေညာသည်။

ချူချန်မယ် မယုံသင်္ကာစိတ်လေးနည်းနည်းဝင်နေသော်လည်း ကျိချင်းကျိုးက ရေပုံတွေကို မ၍ ပြောလာသည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now