{148}

2.2K 374 3
                                    

Unicode


ယွီအန်းယွီ : .....

ယွီအန်းယီတစ်ယောက် လက်နဲ့မျက်လုံးကို အုပ်လျက် သတိပေးစကားဆိုလိုက်သည်။

“အားချန်....ငါတို့အခု ရသစုံရှိုး ရိုက်နေကြတယ်ဆိုတာရော နင်သိသေးရဲ့လား?”

“အဲ့တော့?”

“နင်က အနုပညာလောကနဲ့ မသက်‌ဆိုင်ပေမယ့်လည်း ကျိချင်းကျိုးအတွက် ရှိသေးတယ်လေဟယ်”

ချူချန် သဘောပေါက်သွားကာ ကင်မရာသမားဘက်လှည့်လိုက်သည်။

“ဒီအပိုင်းကို ရိုက်မှာလား မရိုက်ဘူးလား”

ကင်မရာသမားအစ်ကိုကြီး : ....

“ကောင်လေးတွေဒီလိုကစားကြတာ သာမန်ဆိုပေမယ့် လိုင်းပေါ်တင်လိုက်ရင် နားလည်မှုလွဲသွားကြမှာသေချာတယ်။ကျွန်တော်ထင်တာတော့ ခင်ဗျားဒါကို ရိုက်ဖို့ စိတ်ကူးမရှိပါဘူး။ဟုတ်တယ်မလား” ချူချန်က ဖိပြောသည်။

ကင်မရာသမားသည် ချီတုံချတုံဖြင့် ကင်မရာအစွပ်အားအုပ်လိုက်သည်။

“ဟင့်အင်း။ကျွန်တော်တို့ ရိုက်ဖို့ အစီအစဉ်မရှိပါဘူး”

ချူချန်က သူ့အကြည့်တွေကို ယွီအန်းယွီနောက်မှ ကင်မရာသမားထံရွှေ့လိုက်သည်။

“ခင်ဗျားရော”

တစ်ဖက်လူက စကားမပြောဘဲ OK ဆိုတဲ့လက်သင်္ကေတလုပ်ပြသည်။

ကျေနပ်သွားသည့် ချူချန်က ယွီအန်းယီဘက် ပြန်လှည့်ကာ-

“ဒါဆိုရပြီမလား”

ယွီအန်းယွီ : ....

မောတယ်!

ချူချန်သည် ကျိချင်းကျိုးအား လှမ်းကြည့်ကာ

“ရပြီ! ခုန်ချလိုက်!”

ဘယ်သူ ခုန်ချချင်ခုန်ချ မခုန်ချချင်နေ ကျွန်တော်တော့ ဒီလိုမခုန်ချချင်ဘူး! ကျိချင်းကျိုး မျက်နှာပူလွန်းလို့ သစ်ပင်ပေါ်မှာပဲ ထိုင်ရင်း တည်တင်းစွာ ပြောလိုက်သည်။

“ခင်ဗျားနောက်ဆုတ်ပေး!”

“ရတယ်။ကိုယ်မင်းကို ဖမ်းနိုင်ပါတယ်ဆို!”

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now