{149}

2.4K 389 14
                                    

Unicode

  ဒါပေါ့! ချူချန်က ကျိချင်းကျိုးကို ဒါတွေလုပ်ခိုင်းမှာမဟုတ်။သို့သော် သူ့ကိုယ်၌ကလည်း လူပြိန်းသာသာပင်ဖြစ်၍ သစ်သားပြားကြီးနှင့် တူကို ကိုင်ကာ အကြာကြီး ချင့်ချိန်တွေးတောနေသည့် လက်ဟန်အမူအရာကြီးလုပ်လျက် နောက်ဆုံးမှပဲ သံယူ၍ ရိုက်ချလိုက်လေသည်။

ကျိချင်းကျိုးက သူ့ကို လှေကားကူကိုင်ပေးထားသည်။

“ခင်ဗျားရရဲ့လား”

“ရတယ်”

ချူချန် လှေကားမှ ဆင်းရင်း ပြောလိုက်သည်။သူခုနလုပ်ခဲ့သည့်အရာကို ကျိချင်းကျိုး သတိရသွားသဖြင့် ချူချန်အောက်သို့ရောက်ခါနီး ဖက်ပေးဖို့ရန် တမင်တကာပင် လက်နှစ်ဖက် ဆန့်ကားထားလိုက်သည်။ကြောင်အအလေးဖြစ်နေသည့် ချူချန်က အထောက်အကူရဖို့ လှေကားပေါ်မှ အမြန်ပင် လှမ်းဆွဲလိုက်ပြီးမှ အထိတ်တလန့်အမူအရာပြောင်းသွားသည်။
“မင်းဘာတွေလုပ်နေတာလဲ”

“ခင်ဗျားဆီကသင်ထားတာပေါ့”

ကျိချင်းကျိုးဆီကနေ အနောက်ခံလိုက်ရတာပဲ! ချူချန် သူ့လက်ကို ပုတ်လိုက်ကာ

“ခုန ကိုယ်မင်းကို ပွေ့ခဲ့သလိုမျိုးလား”

“အဲ့ဒါတော့ မရဘူးလေ။ကျွန်တော်သာ ခင်ဗျားကို အလျားလိုက်ပွေ့ချီလိုက်ရင် နှစ်ယောက်လုံး ပြုတ်ကျသွားမှာ”

တကယ်တော့ ချူချန်က သူ့ထက် ပိုလေးသည်ပင်။

“ဟုတ်ပါပြီ။သွားကြမယ်။ မင်းအမြဲတမ်း  ကိုယ့်ကိုသာ ပွစိပွစိပြောနေပေမယ့်အခုလည်းကျ မင်းပဲ သိရက်နဲ့တမင် တူတာတွေ လျှောက်လုပ်နေတယ်။”

“ခင်ဗျားကြောင့်လမ်းမှားရောက်သွားတာ”

သူ ကင်မရာသမားအား လှည့်ကြည့်လိုက်သည်။

“ဒီအပိုင်းဖြတ်ပေးလို့ရလား”

ကင်မရာသမား :.....

ကျိချင်းကျိုးကတော့ ဒါကို အိုကေဟုယူဆသွားကာ ပြုံး၍ ကျေးဇူးတင်လိုက်သည်။

“ရပါတယ်”

ကင်မရာသမားကပြန်ပြောလိုက်သည်။သို့တိုင် ဒီလူနှစ်ယောက်ကို ကြည့်လိုက်တိုင်း တစ်ယောက်နဲ့တစ်ယောက်အရမ်းချစ်မြတ်နိုးနေတဲ့ အတွဲတစ်တွဲလိုပဲ တွေးမိနေတဲ့သူ့စိတ်ကို ထိန်းမရ။သို့သော် ကင်မရာသမား အမြန်ပင် ထိုအတွေးတွေကို ထုတ်ပစ်လိုက်တယ်။သူအတွေးလွန်နေတာဖြစ်မယ်ထင်၍။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now