{150}

2.5K 381 8
                                    

Unicode

“ဟုတ်ပါ့”

ချူချန် လျန်ကျင်းရှင်ကိုကြည့်လိုက်တယ်။သူတို့အကူအညီလိုဖို့မပြောနဲ့ လျန်ကျင်းရှင်က သူနဲ့ကျိချင်းကျိုး အဲ့နားလာမှာတောင် ပိုကြောက်သေးတယ်ဟု ထင်မိတယ်။

သနားဖို့ကောင်းတာလွန်ပါရော ။ဒီနေ့ လျန်ကျင်းရှင်ပေါ်ထားတဲ့ ယွီအန်းယီ သဘောထားကို ချူချန် ပြန်တွေးလိုက်သည်။သူမကတော့ အရင်ကလုပ်ခဲ့ဖူးသလို သူတို့ တရင်းတနှီးရှိနိုင်မည့် အပြုအမူတွေကို တမင်ဖျက်ဆီးကာရှောင်ကြဉ်သကဲ့သို့ သူမဘက်မှ စိတ်ရှိကြောင်းပြတာ ကြုံတောင့်ကြုံခဲ။ဝန်ထမ်းတွေက အချိန်သိပ်မကျန်တော့ကြောင်းပြောလာသည်။ချူချန်နှင့်ကျိချင်းကျိုးက သစ်သီးခြင်းအပြည့်တွေကိုကြည့်ကာ သစ်သီးခြံမှပထမဆုံးထွက်သည့်အတွဲဖြစ်သည်။သူတို့ ဘတ်စ်ပေါ် ထိုင်ပြီး တစ်ခြားသူတွေကို စောင့်နေလိုက်တယ်။

လီယိမင်နဲ့ကျန်းကျားရွေ့က ဘတ်စ်ပေါ်တက်သည့် ဒုတိယအဖွဲ့။မကြာမီ လျှို့ကျစ်ထုန်နဲ့ သူမအစ်ကိုလည်း တက်လာသည်။လျန်ကျင်းရှင်နဲ့ မုန့်ယွမ်ပိုင်က ယွီအန်းယီ ကွမ်းရှယွင်တို့နှင့်အတူ ဘတ်စ်ပေါ်တက်လာကြသည်။

သူတို့ခြင်းကမပြည့်ကြောင်း ကျိချင်းကျိုး သတိထားမိကာ မေးလိုက်သည်။

“ခြင်းတွေ အပြည့်မဟုတ်ဘူးလား?”

“ငါလုံးဝထပ်မသယ်နိုင်တော့ဘူး”

ယွီအန်းယီလည်းအလွန်အားလျော့နေတာပင်။

“ရပါတယ်။ရန်ကျန်းနဲ့နောက်လူတွေဆို ငါတိုလောက်တောင် မများဘူး။ငါမြင်ခဲ့တယ်။”

“တကယ်ကြီး?”

ကျိချင်းကျိုး အံ့ဩသွားမိသည်။

“အင်း။အဲ့ဒါကြောင့် ငါတို့ကောက်တာ လုံလောက်ပြီထင်မိ‌တာပေါ့”

“အဲ့လိုဆို ကောင်းပါတယ်”

ရန်ကျန်းနဲ့သူမယောက်ျားက ဘတ်စ်ကား ပေါ်နောက်ဆုံးမှ တက်လာကြသည်။ကျိချင်းကျိုး၏စူးရှသောမျက်လုံးတွေက သူတို့ခြင်းသည် အမှန်ပင်မပြည့်ဘဲ ယွီအန်းယီတို့ခြင်းထက်တောင် နည်းနေကြောင်း သတိထားမိသွား၏။အန်းယီပြောတာ အမှန်ပင်။သူနည်းနည်းတော့ နားမလည်နိုင်ဖြစ်တယ်။
ရန်ကျန်းက အများကြီးမကောက်နိုင်ဘူးထား ဘာလို့ ချင်းဝေ့မင်က ပိုမကောက်ပေးရတာလဲ? သို့သော် တစ်ဖက်လူအား သူလည်း ကောင်းကောင်း မရင်းနှီးသဖြင့် စကားဝင်မပြောဘဲ ချူချန်နားကပ်ပြီးသာ တီးတိုး သဖန်ထိုးလိုက်သည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now