အဆက်

2.5K 369 6
                                    

Unicode


လူတိုင်းအော်ငိုလိုက်ချင်ပေမယ့် မျက်ရည်မထွက်ကြပေ။
တင်ဆက်သူက ရယ်သည်။
"အခုတော့ လက်ထဲကပိုက်ဆံလေးတွေ ရေလိုက်ကြရအောင်။ကျင်းရှင်ကနေစကြတာပေါ့"

“51,”  လျန်ကျင်းရှင်ကပြောသည်

“44!” ယွီအန်းယီကအော်သည်။

“50,” ကျိချင်းကျိုးလည်းပြောလိုက်သည်။

“45.” လျှို့ကျ စ်ရှင်းက ယွီအန်းယီတို့ထက် တစ်ယွမ်တောင်ပိုသာ‌ေန၍ အံ့ဩနေလေသည်။

“47.”  လီယိမင်က သူနဲ့ကျန်းကျားရွေးတို့ စားစရာ တစ်ခုခုတော့ ရှိတော့မည်ဆိုပြီး စိတ်သက်သာသွားသည်။

“49,”  ချင်‌ေဝ့မင်က တည်ငြိမ်စွာ ပြောသည်

သူစကားအဆုံး ကျိချင်းကျိုးနဲ့ရန်ကျန်းတို့က မတိုင်ပင်ထားပါဘဲ သူ့ကိုကြည့်မိသွားကြသည်။

ရန်ကျန်းမျက်လုံးထဲမှ အံအားသင့်မှုကို ကျိချင်းကျိုး ဖမ်းမိလိုက်သည်။အခိုက်အတန့်မျှသာဖြစ်ပြီး ရန်ကျန်းက အမြန် ခေါင်းငုံ့လိုက်ပေမယ့် သူကတော့ဖမ်းမိလိုက်ဆဲပါ။သူမှတ်မိသလောက် ရန်ကျန်းနဲ့ချင်ဝေ့မင်တို့ရဲ့ခြင်းကမပြည့်သဖြင့် သူ့မှာရှိသလောက် တူညီတဲ့ ဈေးနဲ့ပဲရောင်းတာဆိုရင်ဘယ်လို ဖြစ်နိုင်မှာလဲ။ယုတ္တိမတန်ပေ။သူတို့တွေ ပန်းသီး ခူးတဲ့အချိန်က အကုန်ကြီးတာတွေပဲ ‌ရွေးကောက်ခဲ့ကြတာဖြစ်သည်။ရန်ကျန်းခြင်းထဲမှ ပန်းသီးတွေက သူတို့နဲ့ အရွယ်တူတူပါပဲ။သူ့ထက်ပန်းသီးနည်းနည်းက ပိုပြီးကြီးနေခဲ့တာ ဆိုရင်တောင်မှ သူတို့ ရောင်ခဲ့သလို တစ်ယွမ်ကို ပန်းသီးသုံးလုံးနဲ့ ဈေးတူတူ ရောင်းရမှာပဲဖြစ်၍ ထိုသို့ မဖြစ်နိုင်။
 
"ဒီလိုဆို နောက်ဆုံးက အန်းယွီနဲ့ ရှယွင်တို့ထင်တယ်။"

ယွီအန်းယီက မယုံနိုင်ပေ။
"ဒါက ကံဆိုးတာလား? အဲ့လိုမှန်းကြိုသိရင် ခုန ဟိုအန်ကယ်ကြီး အပိုပေးတဲ့ ဆယ်ယွမ်ကို ယူလိုက်ပါတယ်"

ကွမ်းရှယွင်က နှစ်သိမ့်သည်။
"အဆင်ပြေပါတယ်"

"အိမ်မှာ စားစရာတော့ ရှိသေးတယ်မလားဟင်" ယွီအန်းယီက မျှော်လင့်ချက်လေးနဲ့မေးသည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now