{151}

2K 378 15
                                    

Unicode

"တကယ်တော့လေ ခင်ဗျားသာစကားများမနေရင် ကျွန်တော်တို့ အခုလောက်ဆို ဒုတိယအသုတ်ရေတွက်ပြီးလောက်ပြီ"

ကျိချင်းကျိုးက ရုပ်တည်ဖြင့် ချက်ချင်းဝင်ပြောသည်။

"အချိန်ဖြုန်းတယ်လို့ ခင်ဗျားပြောချင်နေတာဆိုရင် တကယ်က ခင်ဗျား အချိန်ဖြုန်းပြီးသွားပါပြီ"

ချင်ဝေ့မင်က ခေါင်းညိမ့်ကာ

"ငါသိပြီ။မင်းတို့က ကုမ္ပဏီတူတူပဲ ဟုတ်တယ်မလား။အဲ့ဒါကြောင့် မင်းတို့က အုပ်စုလိုက်လုပ်နေကြတာကိုးဟုတ်တယ်မလား"

သူကရယ်သည်။

"ဒါရိုက်တာကြီး ဒီရိုက်ကူးရေးက သင်းခွဲထားတာလား? ခင်ဗျားတို့ ကျွန်တော့်ကို ဖိတ်တုန်းကတော့ ဒီလိုပြောခဲ့ကြတာ မဟုတ်ပါဘူး"

ဘာလို့ ရန်ပွဲဖြစ်သွားလဲ ဒါရိုက်တာကြီးတစ်ယောက် တွေးမရ။သူစကားပြောမယ်လုပ်တုန်း လျန်ကျင်းရှင်ကဝင်ပြောလာသည်။

"အခုကစပြီး မရိုက်နဲ့တော့။သူတို့ ပိုက်ဆံအကြောင်း ပြောတဲ့နေရာကနေစပြီး အကုန်ဖျက်လိုက်"

ထိုစကားကြားသည်နှင့် ကင်မရာသမားက ဒါရိုက်တာကြီးနဲ့ အကြည့်ချင်း ဖလှယ်ပြီး နောက်တော့ ဒါရိုက်တာရဲ့ ခွင့်ပြုချက်ရချိန် ကင်မရာတွေ ပိတ်လိုက်လေသည်။

လျန်ကျင်းရှင်က ချင်းဝေ့မင်ကိုကြည့်ရင်း အနားထိ လျှောက်လာသည်။

"မင်းက တစ်စိတ်ကို တစ်အိတ်လုပ်တဲ့နေရာမှာ အတော်ကျွမ်းတာပဲ နော်? ဒီလောက်ကိစ္စသေးသေးလေးကနေ အခုတော့ မင်းကို အုပ်စုလိုက် အနိုင်ကျင့်နေတဲ့ပုံစံဖြစ် သွားအောင်လုပ်ပလိုက်တာလား?ဒီရိုက်ကူးရေးအဖွဲ့ကို မင်းဘယ်လို သဘောထားနေတာလဲ?"

"ငါပြောတာမှားလို့လား?" ချင်ဝေ့မင်ကပြန်မေးသည်။

"မင်ပြောတာမှားလား? မင်းစကားမှာကိုက လူတိုင်းကို မသိမသာအဖွဲ့နှစ်ဖွဲ့ခွဲချင်နေတာလေ။သူတို့တစ်ယောက်နဲ့တစ်ယောက်စိတ်ဝမ်းကွဲသွားကြရင် နောက်ပိုင်းငါတို့ ဘယ်လို ဆက်ရိုက်လို့ရတော့မလဲ။ငါတို့ ဒီရှိုးကို ဘယ်လို ဆက်ရိုက်နိုင်တော့မလဲဟမ်? မင်းက ငါတို့ကြား ချောင်ခြားဖို့ကြိုးစားနေတာလား?"

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now