အဆက်

1.7K 332 14
                                    






Unicode

"ဒါဖြင့် မင်းကလည်း ငါတို့ကို မရေစေချင်ဘူးပေါ့။ဟုတ်လား?"

"ရေစရာမှမလိုအပ်တာပဲလေ" ချင်းဝေ့မင်က အမိအရဆိုသည်။

"အိုကေ!"

လျန်ကျင်းရှင်က ခေါင်းတညိမ့်ညိမ့်လုပ်သည်။ထို့နောက် ဒါရိုက်တာဘက်လှည့်လိုက်ကာ

"ကျွန်တော်တို့အားလုံး ဒီကိုပြန်ရောက်တဲ့အချိန်ကနေစပြီး ဒီအပိုင်းကို ပြန်ရိုက်ကြမယ်။ဒီကတင်ဆက်သူကလည်း အဖွဲ့တစ်ခုစီတိုင်း လက်ထဲကပိုက်ဆံတွေကို ဝန်ထမ်းတွေဆီ လွှဲပေးဖို့ တောင်းဆိုလိမ့်မယ်။ပြီးရင် ရေပြီး ဘယ်သူကဘယ်လောက်ဆိုတာ ကြေညာလိုက်မယ်!ရှင်းလား?"

"မင်းကဘာကြောင့် စည်းမျဉ်းတွေပြောင်းနေရတာတုန်း?"

ချင်းဝေ့မင်က ဒေါသပြင်းစွာဆိုသည်။

"ပရိုဂရမ်အဖွဲ့က ချမှတ်ထားပြီးသားစည်းမျဉ်းကို မင်းက ဘာလုပ်ပိုင်ခွင့်နဲ့ လိုက်ပြောင်းနေရတာလဲ!"

"ဘာလုပ်ပိုင်ခွင့်နဲ့လဲဆိုတော့ ငါက ဒီရိုက်ကူးရေးရဲ့ အကျိုးရှိတဲ့လူမို့လို့ပဲ။ငါ့ကျော်ကြားမှုရော အရည်အချင်းပြည့်မီမှုကရော ဒီမှာ ရှိနေတဲ့လူတိုင်းထက် ပိုမြင့်တယ်လေ။ငါ့စာချုပ်ကလည်း အဖြူအမည်းနဲ့ရေးထားတာ။အဲ့သဘောက ငါသာ တစ်ခုခုကို သဘောမတွေ့ရင် ထုတ်လုပ်ရေးအဖွဲ့နဲ့ ဆွေးနွေးခွင့်ရှိတယ်လို့ပဲ။ဒီစည်းမျဉ်းမှာ လွတ်ပေါက်တွေအများကြီးရှိမယ်ငါထင်တယ်။ဒါရိုက်တာကြီး"

လျန်ကျင်းရှင်က ဒါရိုက်တာကြီးကို လှမ်းကြည့်တယ်။

"ကျွန်တော် စည်းကမ်းချက်တွေ ပြောင်းလို့ရသလား!"

"ရတယ်လေ" ဒါရိုက်တာကြီးက ဝင်ထောက်ခံသည်။

ဒီရသစုံရှိုး၏ရင်းနှီးမြှုပ်နှံသူ အစီအစဉ်ဆွဲသူတွေထဲမှ တစ်ဦးဖြစ်သည့် လျန်ကျင်းရှင်အနေနဲ့သာမက အရင် 《48နာရီပြိုင်ပွဲ》ရိုက်ကူးရေးမှာတောင် သူ တစ်ခုခု အာရုံခံမိတာနဲ့ ဒါရိုက်တာကြီးနဲ့စကားပြောပြီး ချက်ချင်းညှိရတာဖြစ်သည်။ထို့ပြင် 《48နာရီပြိုင်ပွဲ》တုန်းကပါဝင်ကြသူတွေအကုန်လုံးက လျန်ကျင်းရှင်ရဲ့ တည်ရှိမှုကို ရန်မစဝံ့ကြသည့်  လက်ရှိ အနုပညာအလုပ်ကို လုပ်နေကြသူတွေဖြစ်သည်။တစ်ဖက်ရှိ ချင်းဝေ့မင်မှာတော့ အနုပညာရှင်လည်းမဟုတ်ရသလို မိသားစုစီးပွားရေးကို အမွေဆက်ခံရဖို့ သာ အာရုံစိုက်နေသည့် လူချမ်းသာတစ်ယောက်မျှသာ။အဲ့တော့ သူက လျန်ကျင်းရှင်ပေါ် လေးစားမှုမြင့်မြင့်မားမားရယ်မရှိခဲ့ပါ။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now