{152}

2K 370 12
                                    

Unicode

ချူချန် ဒီရိုက်ကွင်းကို မရောက်ခင်ကတည်းက လျန်ကျင်းရှင်က ဒါရိုက်တာကို အထူးတလည် မိတ်ဆက်ပေးထားပြီးဖြစ်၏။တစ်ဖက်လူရဲ့ အနေအထားကို ရှင်းရှင်းလင်းလင်းကြီး မဖော်ပြနေသော်ငြား ဒါရိုက်တာကတော့ သူ့မျိုးရိုးနာမည်ကိုကြားပြီး လျန်ကျင်းရှင်ကို ထိုအကြောင်း မေးလိုက်ချိန် ဒီလူက ရှီးယွီနဲ့ ပတ်သက်မှု တစ်ခုခုတော့ ရှိရမယ်ဟု တွက်ထားပြီးသား။ထို့ကြောင့် ချူချန်က သူ့ကို မေးလာတာနဲ့ မကွယ်ဝှက်ဘဲ ချက်ချင်း ဖြေကြားလိုက်သည်။

"ချင်းပါ"

ချူချန်က ခေါင်းတစ်ချက်ညိမ့်လျက် ဖုန်းယူကာ တစ်ဖက်လူ၏ဆူပူစကားတွေကို စိတ်ရှည်လက်ရှည် နားထောင်ပေးလိုက်ပြီးနောက်မှ စကားဝင်ဖြတ်ပြောလိုက်သည်။

"ဖြတ်ပြောမိလို့ စိတ်မကောင်းပါဘူး မစ္စတာချင်း။ခင်ဗျားကို မေးချင်တာလေးရှိလို့။ခင်ဗျား ဒီရသစုံရှိုးမှာ ဆက်ပြီး ရင်းနှီးမြှုပ်နှံချင်ပါသလား?"

"မင်းတို့ဘက်က ဝေ့မင်ကို မတောင်းပန်သ၍  ငါတကယ် ပိုက်ဆံမစီစဉ်ပေးနိုင်တော့ဘူး"

"ဟုတ်ပြီ! ဒါဆို ဒီရသစုံရှိုးပတ်သက်ပြီးခင်ဗျားပူစရာမလိုအပ်တော့ဘူးနော်"

ချူချန်က စကားဆုံးသည်နှင့် ဖုန်းချလိုက်ပြီး ချင်းဝေ့မင်ကို ဖုန်းပြန်ပေးလိုက်သည်။

ထို့နောက် ချင်းဝေ့မင်ဘက် ညွှန်ပြပြီး ဒါရိုက်တာကြီးကို ပြောလိုက်သည်။

"သူဘက်က ဘယ်လောက်ပမာဏပဲထုတ်ထုတ် ကျွန်တော်ဖြည့်ပေးသွားပါမယ်။သူကအရင် ရုတ်သိမ်းသွားတာဖြစ်တဲ့အတွက် လုပ်ထုံးလုပ်နည်းအရပြောရရင် သူ့ဘက်ကစပြီး ကတိဖောက်ဖျက်လိုက်တာပဲပေါ့။အဲ့တော့ စာချုပ်ဖျက်တာအတွက် သူလျော်ကြေးပေးရမယ်။ဒီကိစ္စတွေနောက်မှ ပြောကြတာပေါ့လေ။ကျွန်တော်နဲ့ချုပ်မယ့်စာချုပ်အသစ် မူကြမ်းရေးပြီးလို့ အချိန်ရရင် ကျွန်တော့်ဖုန်းထဲလှမ်းပို့ပေးလိုက်ပါ။ကျွန်တော့်လက်ထောက်က ကိုင်တွယ်လိုက်မယ်။"

ချူချန်က ထိုသို့ပြောပြီးနောက် အံ့အားသင့်နေသည့် ချင်းဝေ့မင်ကို ကြည့်လိုက်ကာ

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now