{153}

2.1K 354 5
                                    

Unicode

သို့သော် ကိစ္စတွေက ဒီအခြေအနေထိ ဖြစ်လာပြီဖြစ်လျက် ကျိချင်းကျိုး နည်းနည်းမှ ဇာဆက်မချဲ့ချင်တော့ပါ။ထို့ပြင် ရန်ကျန်းက သူမဘာသာ ဒါကို ရည်ရွယ်ခဲ့တာဖြစ်ပြီး ချင်းဝေ့မင်ကတော့ သူမနဲ့ လိုက်မျော်ရုံပါတဲ့။ဒီကိစ္စက "သူတို့ထိုက်နဲ့သူတို့ကံပင်" အပြင်လူအနေနဲ့ သူအများကြီး ပြောဖို့မလိုအပ်။

"မင်းက ငါ့ကိုဘာကြောင့် လာတောင်းပန်နေတာလဲ? ငါပြောမယ်။မင်းတောင်းပန်ရမှာ ငါ့ကိုမဟုတ်ဘူး။ငါဘယ်တုန်းကမှလည်း စိတ်ထဲမရှိဖူးဘူး။မင်းတောင်းပန်ရမှာက ယွီအန်းယီနဲ့ကျိချင်းကျိုးကိုပဲ" ချူချန်ပြောလိုက်သည်။

ချင်းဝေ့မင်က ယွီအန်းယီဆီ သွားကာ ပြောလိုက်သည်။

"တောင်းပန်ပါတယ်"

"ဟင့်အင်း မခံယူဝံ့ပါဘူး။တော်ကြာ ရှင့်ကို အနိုင်ကျင့်တယ်ပြောမှာစိုးတယ်"

ချင်းဝေ့မင်ကအရှက်ရသွားသည်။ ရန်ကျန်းက မကျေမနပ်မျက်နှာဖြင့် ယွီအန်းယီကိုကြည့်လာ၏။ယွီအန်းယီကလည်း ချက်ချင်းပြန်စိုက်ကြည့်ပေးလိုက်သည် ။

"ဘာလာကြည့်နေတာလဲ! နင့်မှာပဲမျက်လုံးရှိတယ်ထင်‌နေလား?"

"သူတောင်းပန်ပြီးပြီလေ။မင်းက ဘာလိုချင်နေသေးတာတုန်း?!"

"သူတောင်းပန်တိုင်း ခွင့်လွှတ်ပေးစရာလားဟ?! သူဘာသာအရင်လိမ်ပြီး ကျွန်မကပဲ အရှုံးမခံနိုင်လို့ ပူးပေါင်ကြံစည်သလိုလိုဖြစ်အောင် ပြောထားတာလေ။သူအခု 'တောင်းပန်ပါတယ်' ပြောရုံနဲ့ ကျွန်မက 'ရပါတယ်ရှင်' လို့ပြန်ပြောပေးရအောင် သူက ရှင့်ယောက်ျား။ကျွန်မယောက်ျားမဟုတ်ဘူးရှင့်။ရှင်ဘာသာ သူ့တောင်းပန်မှုကို ကြီးကြီးကျယ်ကျယ်အရာလို့ထင်ချင်ထင်နိုင်ပေမယ့် ကျွန်မကတော့ ဂရုမစိုက်ဘူး! သူ့ရဲ့ ဒီအကျင့်ဆိုးကို အလိုလိုက်အကြိုက်ဆောင်ပြီး ခွင့်လွှတ်နေမှာမဟုတ်ဘူး!"

ရန်ကျန်းဒေါသထွက်သွား၏။ချင်းဝေ့မင်ကမူ ဒီကိစ္စကို ဖြစ်နိုင်သမျှမြန်မြန် အဆုံးသတ်ချင်နေတာဖြစ်၍ သူမကို ပြန်ကြည့်ကာ သူ့ရဲ့ စိတ်အနှောင့်အယှက်ဖြစ်နေမှုကို ဖိနှိပ်ကာပြောလိုက်သည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now